COVID-19  ရောဂါပိုးကင်းစင်သွားသူ

A d v e r t i s e m e n t With Us

April 30, 2020

COVID-19  ရောဂါပိုးကင်းစင်သွားသူ ၁၆ ဦး ဆေးရုံကဆင်း၊ အတည်ပြုလူနာ ၁၁ ဦး နှစ်ကြိမ်ဆက်တိုက်ပိုးမတွေ့ 

COVID-19 အတည်ပြုလူနာတွေထဲက ရောဂါပိုးကင်းစင်သူ ၁၆ ဦးကို ဆေးရုံက ဆင်းခွင့်ပြုလိုက်ပြီး အသွားအလာ ဆက်လက်ကန့်သတ်ထားတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ကျန်လူနာတွေထဲက ဓာတ်ခွဲနမူနာတွေရယူ ထပ်မံစစ်ဆေးရာမှာ  (၂) ကြိမ် ဆက်တိုက် ရောဂါပိုးမတွေ့ရှိသူ  ၁၁ ဦးရှိတယ်လို့လည်း သိရပါတယ်။ အဆိုပါ ၁၁  ဦးကတော့ လူနာအမှတ်  Case - 001၊ 002၊ 008၊ 032၊ 033၊ 038၊ 041၊ 047၊ 050၊ 054 နဲ့  058 တို့ ဖြစ်ကြပါတယ်။ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)က ဧပြီ ၃၀ ရက်မနက် (ဒုတိယအသုတ်) အဖြစ်စစ်ဆေးပြီးစီးခဲ့တဲ့ ဓာတ်ခွဲနမူနာ ၁၈၄ ခုမှာ  COVID-19 ရောဂါအတည်ပြုလူနာသစ် မတွေ့ရှိရဘူးလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့မနက် သတင်းထုတ်ပြန်ပါတယ်။  အလားတူ ဧပြီ ၂၉ ရက် ညနေက အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)နဲ့ ဆေးသုတေသနဦးစီးဌာန (DMR)တို့မှာ စစ်ဆေးပြီးစီးခဲ့တဲ့ ဓာတ်ခွဲနမူနာ ၁၁၀ ခုမှာလည်း  COVID-19 ရောဂါပိုး မတွေ့ရှိဘူးလို့ ထုတ်ပြန်ထားပါတယ်၊ မြန်မာနိုင်ငံမှာ ဧပြီ ၃၀ ရက် မနက် ၇ နာရီအထိ  COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာ စုစုပေါင်း ၁၅၀ ဦး ၊ သေဆုံးသူ ၆ ဦးနဲ့ ပြန်ကောင်းလာသူ ၁၆ ဦးရှိပါတယ်။
10 months Ago
Up