Covid-19 ဗိုင်းရပ်စ်

March 12, 2020

COVID-19 ကပ်ရောဂါ တရုတ်ပြည်ပြင်ပ အခြေအနေ

COVID-19 ကိုရိုနာဗိုင်းရပ်စ် စတင် ဖြစ်ပွါးတဲ့ တရုတ်နိုင်ငံမှာ အခုဆိုရင် သေဆုံးနှုန်းနဲ့ ကူးစက်နှုန်း ကျဆင်းနေပေမယ့် တရုတ်နိုင်ငံပြင်ပမှာတော့ နှစ်ခုစလုံး မြင့်တက်နေပါတယ်။ ဥရောပတိုက်က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဒဏ် အဆိုးရွားဆုံးခံနေရတဲ့ အီတလီနိုင်ငံမှာ lockdown ပိတ်ဆို့ထိန်းချုပ်မှုကို တစ်နိုင်ငံလုံးအနှံ့ တိုးမြှင့် သတ်မှတ်တယ်လို့ ဝန်ကြီးချုပ် ဂျူဆပ်ပစ်-ကွန်တေက မတ်လ(၁၀) ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ မတ်လ ၁၁ရက်နေ့ ထုတ်ပြန်ချက်အရ တရက်အတွင်း အတည်ပြုလူနာ (၂၃၁၃) ယောက်၊သေဆုံးမှု (၁၉၆) ယောက် ရှိခဲ့ပါတယ်။ အခုဆိုရင် အီတလီနိုင်ငံဟာ မတ်လ ၁၁ရက်နေ့ထိ အတည်ပြုလူနာ (၁၂,၄၆၂) ယောက်၊ သေဆုံးလူနာ (၈၂၇) ယောက်ရှိသွားပြီး တရုပ်ပြည် ပြင်ပ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွား၊ သေဆုံးသူ အများဆုံး နိုင်ငံဖြစ်လာပါတယ်။
တတိယ အများဆုံးကတော့ အရှေ့အလယ်ပိုင်းဒေသက အီရန် ဖြစ်ပြိး သေဆုံးသူ (၃၅၄) ဦး ရှိပြီး ကူးစက်ခံရသူကတော့ (၉ ,၀၀၀) ရှိပါတယ်။ COVID-19 ကူးစက်ဖြစ်ပွားမှုကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က မတ်လ (၁၁) ရက်ညပိုင်းမှာ ကူးစက်မြန်ကပ်ရောဂါအဖြစ် ကြေညာထားပါတယ်။
ကမ္ဘာတဝှမ်းမှာ မတ်လ ၁၂ရက် မနက် (၁၀)နာရီ အချိန်ထိ သတင်းထုတ်ပြန်ချက်တွေအရ နိုင်ငံပေါင်း (၁၁၃) နိုင်ငံမှာ သေဆုံးမှု (၄,၆၂၂)၊ ကူးစက်ခံမှု (၁,၂၅,၈၄၅)နဲ့ ကုသပျောက်ကင်းမှု (၆၈,၂၁၆) ရှိနေကြောင်း အတည်ပြုထားပါတယ်။
1 year Ago

February 26, 2020

Covid-19 ဗိုင်းရပ်စ်နှင့်ပတ်သက်ပြီး အိုပက်နိုင်ငံများကို ဆော်ဒီ သတိပေး 

Covid-19 ဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ ကမ္ဘာ့ရေနံတင်ပို့တဲ့ နိုင်ငံတွေ (အိုပက်အဖွဲ့ဝင် မိတ်ဖက်နိုင်ငံတွေ) အနေနဲ့ လက်ရှိအခြေအနေပေါ်မှာ ကျေနပ်အားရ ဖြစ်မနေသင့်ဘူးလို့ ဆော်ဒီ စွမ်းအင်ဝန်ကြီးက ပြောပါတယ်။ မြို့တော်ရီယာ့တ်မှာ မနေ့က ကျင်းပတဲ့ ညီလာခံတခုမှာ ဆော်ဒီစွမ်းအင်ဝန်ကြီး  မင်းသား အဗ္ဗဒူလာဇစ်-ဘင်ဆယ်မန်က အရာရာကို အလေးအနက်ထားဖို့ လိုအပ်တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။ မင်းသား အဗ္ဗဒူလာဇစ်က အိုပက်အဖွဲ့ဝင် မိတ်ဖက် နိုင်ငံတိုင်းဟာ တာဝန်ရှိတဲ့၊ တာဝန်ယူမှုရှိတဲ့နိုင်ငံ ဖြစ်တယ်ဆိုတာကို ယုံကြည်တယ်လို့ ပြောခဲ့ပါတယ်။ Covid-19 ဗိုင်းရပ်စ်ကြောင့် ရေနံဝယ်လိုအား ကျဆင်းတာကို တန်ပြန်ဖို့ရာ တနေ့ကို ရေနံစည် ၆ သိန်း လျှော့ထုတ်ဖို့ ဒီလအစောပိုင်းမှာ အိုပက်အဖွဲ့မဟာမိတ်ကော်မတီက အကြံပြုခဲ့ပါတယ်။ ဆော်ဒီအာရေဗျနိုင်ငံက ရေနံလျှော့ထုတ်ဖို့ကို ထောက်ခံနေပေမယ့် ရုရှားကတော့ သူရဲ့ နောက်ဆုံးရပ်တည်ချက်ကို မကြေညာသေးပါဘူး။  မင်းသား အဗ္ဗဒူလာဇစ်က သူဟာ ရုရှားအစိုးရနဲ့ ဆွေးနွေးနေဆဲ ဖြစ်ပြီး ဆော်ဒီအစိုးရဟာ တခြား အိုပက် မိတ်ဖက်နိုင်ငံများအဖွဲ့နဲ့ စီးပွားဖက်အဖြစ် ဆက်ရှိမယ် ယုံကြည်တယ်လို့ ပြောပါတယ်။
1 year Ago
Up