COVID-19 နှင့်

A d v e r t i s e m e n t With Us

May 16, 2020

COVID-19 နှင့် ကျန်းမာပျော်ရွှင်၍ အကျိုးဖြစ်ထွန်းသော Working from Home

ယခုအခါတွင် ကူးစက်နှုန်းမြန်၍ ကမ္ဘာတဝှမ်းတွင် ပျံ့နှံ့နေသော ကမ္ဘာ့ကပ်ရောဂါ ကိုရိုနာဗိုင်းရပ်စ်ရောဂါ COVID-19 ကြောင့် ကမ္ဘာနေရာ အများအပြားရှိ ရုံးများတွင် ရုံးသို့ကိုယ်တိုင်တက်ရောက်ခြင်း မပြုဘဲ အိမ်မှာနေ၍ အလုပ်လုပ်ခြင်း Work from Home စနစ်များကို အသုံးပြုနေကြပြီ ဖြစ်ပါသည်။ အဆိုပါ Working from Home စနစ်ကို အသုံးပြုရာတွင် လိုက်နာသင့်သော အကြံကောင်းလေးများကို တင်ပြလိုက်ပါသည်။

၁။ မိမိအလုပ်လုပ်မည့်နေရာကို သီးသန့်ပြုလုပ်ပါ။

သင့်အိမ်တွင် အလုပ်လုပ်မည့်နေရာကို အခြားသောနေရာများနှင့် သီးသန့်ပြုလုပ်ပါ။ အလုပ်လုပ်မည့်နေရာသည် သင်အနားယူလေ့ရှိသောနေရာ မဖြစ်ရပါ။ အနားယူလေ့ရှိသောနေရာကို ရွေးချယ်ခြင်း (ဥပမာ – အိပ်ရာ၊ ဆိုဖာစသည်) တို့ကို ရွေးချယ်ခြင်းသည် သင်၏ အလုပ်ကိုရော၊ သင်၏ အနားယူအပန်းဖြေသည့် အလေ့အကျင့်ကိုပါ အနှောင့်အယှက်ဖြစ်စေနိုင်ပါသည်။ အလင်းရောင်ကောင်းပြီး လေဝင်လေထွက်ကောင်းသည့် နေရာကို ရွေးချယ်ပါ။ သင့်ကို အလုပ်မှ အနှောင့်အယှက် ဖြစ်စေမည့် TV၊ Radio၊ Gaming Console စသည့်အရာများ မရှိရပါ။ အကယ်၍ သင်သည် အခန်းငယ်လေးအတွင်းတွင်သာ နေထိုင်သည်ဆိုပါက အလုပ်လုပ်မည့်နေရာကို အနည်းဆုံး စားပွဲခုံတစ်ခု၊ ထိုင်ခုံတစ်ခု စီစဉ်ကာ မိမိအလုပ်နှင့် ကိုယ်ရေးကိုယ်တာများကို မရောထွေးအောင်ထားပါ။

၂။  ထိုင်ခုံကောင်းကောင်းတစ်ခုံရွေးချယ်ပါ။

ထိုင်ခုံကောင်းကောင်းတစ်ခုံသည် သက်တောင့်သက်သာဖြစ်ရုံသာမက ကျန်းမာရေးအတွက်လည်းများစွာ အထောက်အကူဖြစ်ပါသည်။ နာရီပေါင်းများစွာထိုင်၍ အလုပ်လုပ်မည့်ထိုင်ခုံသည် ပုံစံမကျပါက ခါးအတွက်အန္တရာယ်ရှိပါသည်။

၃။ တစ်နာရီကြာတိုင်း ထိုင်ခုံမှထ၍ အညောင်းအညာဖြေပါ။

အလုပ်တွင် အာရုံအစိုက်လွန်ပြီး ထိုင်ခုံမှ မထနိုင်ဖြစ်တတ်ပါသည်။ ဖုန်းတွင် သို့မဟုတ် မိမိအလုပ်လုပ်နေသည့် ကွန်ပျူတာတွင် တစ်နာရီတစ်ခါ နှိုးစက်ထားပြီး အညောင်းအညာဖြေသင့်ပါသည်။

၄။ နေ့စဉ်တစ်ကြိမ်ခန့်မိမိပြင်ဆင်ထားသော အလုပ်နေရာမှ အပြင်သို့ ထွက်ပေးပါ။

Working from Home ပြုလုပ်နေရာမှ မွန်းကျပ်လာသည့်အချိန်များတွင် ခြံဝင်းထဲသို့ ထွက်၍ လမ်းလျှောက်ခြင်း၊ အိမ်အပြင်သို့ထွက်၍ လမ်းလျှောက်ခြင်း စသည်တို့ကို ပြုလုပ်ပါ။ အိမ်အပြင်ထွက်သည့်အခါတိုင်း လူစုလူဝေးရှိသောနေရာသို့ မသွားရန်နှင့် အပြင်ထွက်တိုင်းနှာခေါင်းစည်းတပ်ရန် အမြဲသတိရပါ။

၅။ တစ်နေ့စာအချိန်စာရင်းပြုလုပ်ပြီး ထိုစာရင်းအတိုင်းဆောင်ရွက်ပါ။

Working from Home ပြုလုပ်ပါက အချိန်စာရင်းဆွဲပြီး မပြုလုပ်ပါက အလုပ်မပြီးခြင်း၊ မိမိအနားယူမည့် အချိန်အထိအလုပ်လုပ်နေရခြင်း၊ ညအိပ်နောက်ကျခြင်းစသည်တို့ဖြစ်နိုင်ပါသည်။ ထိုမှတဆင့် မိမိ၏ စိတ်ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်ပါသည်။ ညပိုင်းအနားယူသည့်အချိန်တွင်ပါ အလုပ်လုပ်နေရခြင်းကြောင့် မိသားစုအတွက်အချိန်မပေးနိုင်တော့ဘဲ မိသားစုဆက်ဆံရေးပါ ထိခိုက်လာနိုင်ပါသည်။ မိမိ ရုံးသို့ ပုံမှန်သွားနေကျအချိန်အတိုင်း အချိန်ဇယားဆွဲ၍ အလုပ်လုပ်ပါက အလုပ်ပြီးမြောက်စေပြီး ကျန်းမာရေးအတွက်လည်း ကောင်းနိုင်ပါသည်။

၆။ လေ့ကျင့်ခန်းများကိုလည်း အချိန်ဇယားဆွဲ၍ ဆောင်ရွက်ပါ။

Working from Home ပြုလုပ်ခြင်း၏ အကျိုးတစ်ခုမှာ မိမိ၏ အချိန်ဇယားကို မိမိကိုယ်တိုင်ဆွဲ၍ စီစဉ်နိုင်ခြင်း ဖြစ်သည်။ တစ်နေ့တာအလုပ်အချိန်ဇယားတွင် လမ်းလျှောက်ခြင်း၊ ထိုင်ထပြုလုပ်ခြင်း၊ အိပ်ထမတင်ပြုလုပ်ခြင်း၊ ယောဂကျင့်ခြင်းအစရှိသည့် ပေါ့ပါးသောလေ့ကျင့်ခန်းများကို ထည့်သွင်းထားခြင်းဖြင့် ကျန်းမာသော ကိုယ်ခန္ဓာကို ပိုင်ဆိုင်နိုင်ပါသည်။

၇။ နည်းပညာများကို အသုံးချပါ။

Working from Home ပြုလုပ်ခြင်းဖြင့် အစည်းအဝေးများ ကိုယ်တိုင်လူတွေ့ကာ ဆောင်ရွက်ရာတွင် အခက်အခဲများ ရှိနိုင်ပါသည်။ ဖုန်းနှင့်ဖြစ်စေ၊ ကွန်ပျူတာဖြင့်ဖြစ်စေ Video Conferencing application များ၊ software များ အသုံးပြု၍ အစည်းအဝေးများပြုလုပ်နိုင်ပါသည်။ လက်ရှိတွင် အဆိုပါ Software များ၊ application များ မြောက်များစွာရှိပြီး အလွယ်တကူ အခမဲ့ အသုံးပြုနိုင်ပါသည်။

၈။ Wi-Fi Broadband Internet Connection တစ်ခုတပ်ဆင်ပါ။

အစည်းအဝေးများပြုလုပ်ခြင်းအတွက် Video Conferencing များပြုလုပ်ခြင်း၊ assignment များရယူခြင်း၊ ဆောင်ရွက်ပြီးသော assignment များ ပြန်လည်အပ်နှံခြင်းတို့အတွက် Internet မှ download၊ upload ပြုလုပ်ခြင်းတို့သည် မိမိဖုန်း internet မှ သုံးခြင်းသည် ငွေကြေးကုန်ကျခြင်းများစွာ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် Data Plan ဖြင့် တပ်ဆင်သော Wi-Fi Broadband Internet Connection တစ်ခု တပ်ဆင်ထားခြင်းသည် ငွေကုန်ကြေးကျနည်းပါးစေနိုင်ပါသည်။

၉။ ကွန်ပျူတာအသုံးပြုနည်းလမ်းမှန်ကို အသုံးပြုပါ။

Working from Home ပြုလုပ်ရာတွင် ကွန်ပျူတာကို အများဆုံးအသုံးပြုရမည်မှာ မလွဲမသွေပင်ဖြစ်သည်။ ကွန်ပျူတာကို လွန်ကဲစွာအသုံးပြုပါက ကိုယ်ခန္ဓာအတွက်ကျန်းမာရေးအရ မကောင်းသောအကျိုးဆက်များရှိလာမည်ဖြစ်သည်။
  • ကွန်ပျူတာကို အသုံးပြုတိုင်း ၂၀ : ၂၀ နည်းလမ်းကို အသုံးပြုပါ။ (ကွန်ပျူတာကို မိနစ် ၂၀ အသုံးပြုပြီးတိုင်း ကွန်ပျူတာကို မျက်နှာချင်းမဆိုင်ဘဲ ဝေးရာရှုခင်းတစ်ခုခုသို့ စက္ကန့် ၂၀ ကြာအောင် ကြည့်ရှုပါ။)
  • တစ်နာရီကြာ အသုံးပြုပြီးတိုင်း ၁၀ မိနစ်ခန့် လမ်းလျှောက်ပါ။
  • အလင်းရောင်ကောင်းစွာရရှိသော နေရာတွင် ကွန်ပျူတာကို ထားရှိပြီး အလုပ်လုပ်ပါ။
  • မိမိကိုယ်ခန္ဓာနှင့် သင့်တင့်မျှတသော နေရာတွင် ကွန်ပျူတာကို ထားရှိအသုံးပြုပါ။ (မနိမ့်လွန်း၊ မမြင့်လွန်း)
  • Laptop သို့မဟုတ် Notebook ကွန်ပျူတာများကို အသုံးပြုပါက external keyboard နှင့် mouse ကို အသုံးပြုပါ။ (Laptop နှင့် Notebook တို့တွင် ပါရှိသည့် keyboard နှင့် trackpad တို့သည် အရွယ်အစားသေးငယ်သဖြင့် လက်နှင့် ခါးတို့ကို အန္တရာယ်ပေးနိုင်ပါသည်။)
  • ကွန်ပျူတာမှ ထွက်ရှိသော အလင်းရောင်ကို သင့်တင့်မျှတသော အလင်းရောင်ချိန်ညှိထားရှိပါ။
  • ကွန်ပျူတာအလင်းရောင်ထွက်အားကို ထိန်းညှိပေးသော software များအသုံးပြုပါ။ အပြာရောင်များသော ကွန်ပျူတာသည် မျက်စိကို ထိခိုက်စေနိုင်ပါသည်။ (f.lux စသော software ကို အသုံးပြုနိုင်ပါသည်။) https://justgetflux.com/

၁၀။အာဟာရပြည့်သော အစားအသောက်များကို ဝယ်ဖြည့်ထားပါ။

Working from Home ကျင့်သုံးရာတွင် အလုပ်လုပ်နေရင်း အစားအသောက်များ၊ snack များ စားကြမည်မှာ မလွဲမသွေ ဖြစ်သည်။ ထိုသို့စားသောက်ရာတွင် အသင့်စားအစားအသောက်များ စားသောက်ခြင်းမပြုဘဲ ကျန်းမာရေးနှင့် ညီညွတ်သော အာဟာရပြည့်ဝသော အစားအသောက်များကို ကျင့်သုံးရမည်ဖြစ်သည်။ အာဟာရမပြည့်ဝသော အစားအသောက်များဖြစ်သည့်- အာဟာရပြည့်ဝသည့်
  • အသီးအနှံများ
  • သစ်သီးဖျော်ရည်များ
  • အာဟာရပြည့်ဝသောနေ့လယ်စာ တို့ကိုသာ ပြင်ဆင်စားသုံးရမည်ဖြစ်သည်။
ရေးသားသူ – ဒေါက်တာခိုင်ဝင်း ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။
8 months Ago
Up