COVID-19 တိုက်ဖျက်ရေးကိစ္စ

May 5, 2020

COVID-19 တိုက်ဖျက်ရေးကိစ္စ အမေရိကန်ပါတီကြီး ၂ ခု လွှတ်တော်တွင် သဘောထားကွဲ

ကိုရိုနာဗိုင်းရပ်စ်ကူးစက်နိုင်တဲ့  စိုးရိမ်ပူပန်စိတ်တွေ ရှိနေချိန်မှာပဲ မေလ ၄ ရက်နေ့က  အမေရိကန် အထက်လွှတ်တော်အမတ်တွေဟာ လွှတ်တော်အစည်းဝေးတွေ တက်ရောက်ဖို့ ဝါရှင်တန်ကို ပြန်သွားခဲ့ပါတယ်။ အထက်လွှတ်တော်ပုံမှန် အစည်းအဝေးတွေကို ညနေ ၃ နာရီမှာ စတင်ခဲ့ပြီး ပါတီခေါင်းဆောင်တွေဟာ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် သမ္မတထရမ့် တင်သွင်းတဲ့ အကြီးတန်းအစိုးရရာထူးတွေကို အဆိုပြုတာနဲ့ ကွန်ဂရက်အောက်လွှတ်တော်ကို ပေးပို့မယ့် ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ ပါတီကြီး နှစ်ခုကြား အမြင်ကွဲပြားတာတွေ ချက်ချင်း ပေါ်ပေါက်ခဲ့ပါတယ်။ ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ်ခေါင်းဆောင် မစ်ချ်မက်ကွန်နယ်က အမေရိကန် အလုပ်သမားတွေ သတိကြီးစွာနဲ့ လုပ်ငန်းခွင် ဆက်လက်ပြန်ဝင်ဖို့ အရေးကြီးတယ်လို့ ပြောခဲ့ပါတယ်။ ဒီမိုကရက်တစ်ပါတီ အထက်လွှတ်တော်အမတ်ခေါင်းဆောင် ချက်ရှူးမားကတော့ မက်ကွန်နယ်ဟာ အမေရိကန်နိုင်ငံကို ကူညီတာမဟုတ်ဘဲ ရီပတ်ဘလီကန်တွေရဲ့ နိုင်ငံရေးလုပ်ငန်းစဉ်ကို လွှတ်တော်အမတ်တွေ လိုက်နာအောင် တိုက်တွန်းနေတယ်လို့ စွပ်စွဲခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ဥပဒေသစ်မှာ ပါဝင်ရမယ့် အကြောင်းအရာနဲ့ပတ်သက်လို့ ဒီမိုကရက်တွေနဲ့ ရီပတ်ဘလီကန်တွေအကြား ဝိဝါဒကွဲပြားတာတွေလည်း ဖြစ်ပေါ်နေပါတယ်။ ဒီမိုကရက်တွေက ပြည်နယ်နဲ့ ဒေသအစိုးရကို ကူညီဖို့ အမေရိကန် ဒေါ်လာ ၁ ထရီလီယံ ထားရှိလိုပါတယ်။ ရီပတ်ဘလီကန်တွေကတော့ ဘယ်ဥပဒေကြမ်းကိုမဆို တင်သွင်းဖို့ သတ်မှတ်ချက်အနေနဲ့ လုပ်ငန်းတွေ အကာအကွယ်ပေးခွင့်ကို တောင်းဆိုနေတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
12 months Ago
Up