COVID-19 တိုက်ပွဲ

May 5, 2020

COVID-19 တိုက်ပွဲတွင် တကမ္ဘာလုံး စုစည်းညီညွတ်ရန် WHO အကြီးအကဲ တိုက်တွန်း

COVID-19 ကပ်ရောဂါကို ရေရှည်တိုက်ရမယ့်ပွဲမှာ တကမ္ဘာလုံးအနေနဲ့ စုစည်းညီညွတ်ဖို့ လိုတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHOရဲ့ အကြီးအကဲက မေလ ၄ရက်မှာ တိုက်တွန်းလိုက်ပါတယ်။ ဗိုင်းရပ်စ်ဟာ လူတွေနဲ့အတူ ကာလရှည်ရှိနေဦးမှာဖြစ်ပြီး၊ သူ့ကို အနိုင်တိုက်ဖို့၊ ကျနော်တို့ အားလုံး အတူတကွ စည်းလုံးရမှာဖြစ်သလို၊ ရနိုင်သမျှ ကိရိယာတွေကိုလည်း အတူတူ ဝေမျှရမယ်လို့ WHO အကြီးအကဲက ပြောပါတယ်။  ဒါ့အပြင်ကပ်ဘေးအတွက် ကမ္ဘာ့ခေါင်းဆောင်တွေက ဒေါ်လာ ၈ ဘီလီယံ ထည့်ဝင်မှာကိုလည်း သူက ချီးကျူးခဲ့ပါတယ်။  WHO ဟာ ဒီသီတင်းပတ်ထဲမှာ ဗျူဟာမြောက် ကာကွယ်ရေးနဲ့ တုံ့ပြန်ရေး အစီအစဉ်တွေကို ဒီသီတင်းပတ်ထဲမှာ အသစ်ထပ် ကြေညာမိတ်ဆက်ဖို့ ရှိနေပါတယ်။ ဒီအစီအစဉ်ဟာ ဗိုင်းရပ်စ် တိုက်ဖျက်ရေး နိုင်ငံတကာနဲ့ နိုင်ငံလုံးဆိုင်ရာ စီမံကိန်းတွေကို ပံ့ပိုးဖို့ လိုအပ်တဲ့ ရံပုံငွေတွေကိုလည်း အသစ်စီစဉ်ပေးမယ်လို့ WHO အကြီးအကဲက ပြောပါတယ်။  WHO ဟာ မကြာမီက အမေရိကန်ဆေးသုတေသနကုမ္ပဏီ Gilead Sciences ရဲ့ remdesivir ဆေးကိုလည်း COVID-19 လူနာတွေအတွက် အလားအလာရှိတဲ့ဆေးဖြစ်တယ်လို့ သတ်မှတ်ကြောင်း ရိုက်တာသတင်းက ဖေါ်ပြထားပါတယ်။ 
11 months Ago
Up