COVID-19 ကာကွယ်ဆေ

A d v e r t i s e m e n t With Us

April 24, 2020

ဗြိတိန်ပညာရှင်များ COVID-19 ကာကွယ်ဆေး လူ ၂ ဦးကို စမ်းသပ်ထိုးပေး 

ပထမဆုံးသော COVID-19 ရောဂါကာကွယ်ဆေး စမ်းသပ်မှုကို ဗြိတိန်သိပ္ပံပညာရှင်တွေက စေတနာ့ဝန်ထမ်း လူနှစ်ဦးမှာ စမ်းသပ်ထိုးပေးလိုက်ပြီလို့ ရိုက်တာသတင်းဌာနက ဧပြီ ၂၄ မှာ ဖေါ်ပြလိုက်ပါတယ်။  အောက်စဖို့တက္ကသိုလ်မှာ လုပ်ခဲ့တဲ့ ဒီဆေးထိုးစမ်းသပ်မှုမှာ "ChAdOx1 nCoV-19"လို့ ခေါ်တဲ့ ထိုးဆေးကို စေတနာ့ဝန်ထမ်းအဖြစ် ထိုးသွင်းခံမယ့် အမျိုးသား တဦးနဲ့ အမျိုးသမီးတဦးကို ထိုးပေးခဲ့ပြီး ဒီစမ်းသပ်မှုမှာ လူပေါင်း ၈၀၀ က စေတနာ့ဝန်ထမ်းတွေအဖြစ် ပါဝင်မယ်လို့ သိရပါတယ်။  ကနဦးစမ်းသပ်ချက်ရဲ့အဓိက အာရုံစိုက်တဲ့ အချက်ကတော့ လက်မခံနိုင်လောက်တဲ့ ဘေးထွက်ဆိုးကျိုး မဖြစ်ခဲ့ရင် ပြီးတော့ကောင်းတဲ့ ကိုယ်ခံအားစနစ် တုံ့ပြန်မှု ပါခဲ့ရင် COVID-19 ကို တိုက်ဖျက်တဲ့နေရာမှာ အလုပ်ဖြစ်ဖို့ပဲလို့ အောက်စ်ဖို့ဒ်တက္ကသိုလ်ကာကွယ်ဆေးဗေဒဌာန ပါမောက္ခ ဆာရာ ဂီလ်ဘတ်ထ်က ပြောပါတယ်။  သူဟာ အရင်လုပ်ခဲ့တဲ့ တခြားကာကွယ်ဆေးစီမံကိန်းတွေ အောင်မြင်ခဲ့သလို ဒီတခါလည်း အောင်မြင်မယ်လို့ ယုံကြည်မှု ရှိနေပါတယ်။  အောက်စဖို့ဒ် သိပ္ပံပညာရှင်တွေက ChAdOx1 nCoV-19 ထိုးဆေးကို စမ်းသပ်မှုမစတင်ခင် ပြီးခဲ့တဲ့အပတ်ကထဲက ဒီဆေးကို သန်းနဲ့ချီထုတ်လုပ်နိုင်ဖို့လည်း ကြိုတင်ပြင်ဆင်ထားတယ်လို့ ပြောခဲ့ပါတယ်။  အခုအခါ COVID-19 ကုသရေးအတွက် ဆေးတွေ အမျိုး ၁၀၀ လောက်ကို စမ်းသပ်မှု အများအပြားရှိနေပြီး  ဥရောပသမဂ္ဂကတော့ အရင် စမ်းသပ်သုံးနေတဲ့ ငှက်ဖျားဆေးနှစ်မျိုးက လူကို သေစေနိုင်လောက်တဲ့ ဘေးထွက်ဆိုးကျိုးရှိတယ်လို့ ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ သတိပေးခဲ့  ကြောင်း ရိုက်တာက ရေးသားထားပါတယ်။
10 months Ago
Up