COVID-19ပညာပေး

A d v e r t i s e m e n t With Us

March 23, 2020

တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာစစ်ဆေးမည့် ဆရာများကို COVID-19 ပညာပေး

တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာတွေစစ်ဆေးကြမယ့် ဆရာ၊ ဆရာမတွေ COVID-19 ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်နိုင်စေဖို့ ကျန်းမာရေးဝန်ထမ်းတွေက ဒီကနေ့ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ ပညာပေး ဟောပြောခဲ့ကြပါတယ်။ ကမာရွတ်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနဲ့ လှိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူပေါင်းပြီး  COVID-19 ကာကွယ်ရေးအတွက် Fever surveillance လုပ်ငန်းတွေ ဆောင်ရွက်ခြင်းနဲ့ COVID-19 အကြောင်း ဟောပြောခြင်းတို့ကို  ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာတွေစစ်ဆေးကြမယ့် ဆရာ၊ ဆရာမတွေဟာ ရောဂါ ကူးစက်ခံရနိုင်တဲ့ အန္တရာယ်ရှိနေတာကြောင့်  အဖြေလွှာစစ်ဆေးမယ့် အစီအစဉ်ကို ပြန်သုံးသပ်ဖို့ ဆရာ ဆရာမများ သမဂ္ဂက တောင်းဆိုထားပါတယ်။
11 months Ago
Up