COVAX

October 20, 2020

ကိုဗစ်-၁၉ ကာကွယ်ဆေး ဖြန့်ဝေရေးလုပ်ငန်းကို ယူနီဆက်ဖ် ဦးဆောင်တာဝန်ယူမည်

ကမ္ဘာ့နိုင်ငံအများအပြားမှာ ကိုဗစ်-၁၈ ကာကွယ်ဆေး ဖြန့်ဝေရေးလုပ်ငန်းကို ဦးဆောင် တာဝန်ယူသွားမယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်)က ပြောပါတယ်။  ယူနီဆက်ဖ် အကြီးအကဲ ဟင်နီရက်တာဖိုးက “COVAX ဟာ ကမ္ဘာ့နိုင်ငံ အများအပြားကို ကိုဗစ်ကာကွယ်ဆေး ဖြန့်ဝေပေးတဲ့လုပ်ငန်း တာဝန်ကြီး ဖြစ်တယ်။ လူ့အသက်တွေကို ကယ်တင်ဖို့၊ လူ့အသိုင်းအဝိုင်းတွေကို ကယ်တင်ဖို့နဲ့ ထိခိုက်မှုအများဆုံး ကပ်ရောဂါပြဿနာကို ဖြေရှင်းဖို့ ယူနီဆက်ဖ်အနေနဲ့ သမိုင်းဝင် ကြိုးပမ်းမှုရဲ့ ရှေ့တန်းက ပါဝင်ရတာကို ဂုဏ်ယူပါတယ်” လို့ ပြောပါတယ်။  ယူနီဆက်ဖ်ရဲ့ ကိုဗစ်ကာကွယ်ဆေး ဖြန့်ဝေရေးဟာ နိုင်ငံပေါင်း ၁၇၀ ကို ရောက်ရှိမှာဖြစ်ပြီး ၂၀၂၁ အကုန်မှာ ကာကွယ်ဆေးလုံးရေ ၂ ဘီလီယံကျော် ဖြန့်ဝေသွားမယ်လို့လည်း သိရပါတယ်။ ဆင်းရဲ ချမ်းသာ မရွေး ကိုဗစ်ကာကွယ်ဆေး မျှမျှတတ ဖြန့်ဝေဖို့ ရည်ရွယ်တဲ့ ကမ္ဘာလုံးဆိုင်ရာ COVAX အစီအစဉ်ထဲကို အခုဆိုရင် နိုင်ငံပေါင်း ၁၈၄ နိုင်ငံ ပါဝင်လာပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ညွှန်ချုပ် ဒေါက်တာတက်ဒရိုက အောက်တိုဘာ ၁၉ ရက်မှာ ပြောပါတယ်။  COVAX အစီအစဉ်အရ ဆင်းရဲတဲ့နိုင်ငံတွေဟာ ၂၀၂၁ နှစ်ကုန်အထိ ကိုဗစ်ကာကွယ်ဆေးကို စရိတ်သက်သက်သာသာနဲ့ ဒါမှမဟုတ် စရိတ်စကမပေးရဘဲ ရရှိမယ်လို့ ရိုက်တာအရ သိရပါတယ်။ 
7 months Ago

October 12, 2020

ကိုဗစ်ကာကွယ်ဆေး ညီမျှစွာ သုံးစွဲနိုင်ရေး နိုင်ငံတကာအစီအစဉ်တွင် တရုတ် ပါဝင်လာ

ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ဆေးကို တကမ္ဘာလုံး ညီတူညီမျှ သုံးစွဲနိုင်ရေး ရည်မှန်းထား တဲ့ နိုင်ငံတကာအစီအစဉ် (COVAX) ကို တရုတ်က လာရောက်ပူးပေါင်းတဲ့အတွက် ဥရောပသမဂ္ဂ (EU) ခေါင်းဆောင်တွေနဲ့ ကမ္ဘာလုံးဆိုင်ရာ ဗိုင်းရပ်စ်စီမံကိန်းဥက္ကဋ္ဌတို့က အောက်တိုဘာ ၁၁ ရက်မှာ ကြိုဆိုလိုက်ကြပါတယ်။ COVAX နဲ့ ပူးပေါင်းဖို့ တရုတ်ရဲ့ လိုလားချက်ကို ကြိုဆိုတယ်လို့ ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်က လူမှုကွန်ရက်ပေါ်မှာ အောက်တိုဘာ ၁၁ ရက်က ပြောခဲ့ပါတယ်။  လူတိုင်းလိုနေတဲ့ ကာကွယ်ဆေးကို တကမ္ဘာလုံး သုံးနိုင်ဖို့ ပန်းတိုင်ကိုရောက်ရေး အားလုံး ပါဝင်နိုင်ဖို့က အဓိကဖြစ်ပြီး EU ဟာ COVAX အစီအစဉ်အတွင်း တခြားမိတ်ဖက်တွေ၊ တရုတ်နဲ့ ပူးပေါင်း လုပ်ဆောင်ဖို့ မျှော်လင့်ထားတယ်လို့လည်း သူက ပြောပါတယ်။ Global Virome စီမံကိန်းဥက္ကဋ္ဌ ဒန်းနစ် ကာရိုးလ်က “ကိုဗက်စ်နဲ့ပူးပေါင်းရေး တရုတ်ရဲ့ တက်ကြွတဲ့လုပ်ရပ်ဟာ ကမ္ဘာ့ကပ်ရောဂါကို တိုက်ဖျက်ရေး ကမ္ဘာလုံးဆိုင်ရာညီညွတ်မှုအတွင်း နိုင်ငံကြီးတနိုင်ငံရဲ့ စံနမူနာကို သတ်မှတ်လိုက်တာပဲ။ ကမ္ဘာတလွှား လူ့အသက်တွေကို ကာကွယ်ဖို့ ထိပ်တန်း ထည့်ဝင်အားပေးမှုပဲ” လို့ ပြောပါတယ်။
7 months Ago
More News
Up