Countdown(နမူနာ)

October 23, 2019

ထူးခြားဇာတ်အိမ်ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ရှုစားကြရမည့် သွေးပျက်ထိတ်လန့်ဖွယ်ရုပ်ရှင်- Countdown(နမူနာ)

ထူးခြားတဲ့ ဇာတ်အိမ်ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ရိုက်ကူးထားတဲ့ ဟောလိဝုဒ်ရုပ် ရှင်-Countdown ကို လာမယ့် အောက်တိုဘာလ ၂၅ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ Horror Thriller အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီရုပ်ရှင်ကိုတော့ STX Entertainment က တင်ဆက်လိုက်တာဖြစ်ပြီး အမေရိကန်ရုပ်ရှင်ဒါရိုက်တာ Justin Dec က ကိုယ်တိုင်ဇာတ်ညွှန်းခွဲပြီး ကိုယ်တိုင်ပဲ ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ Quinn Harris ဆိုတဲ့ Nurse ကောင်မလေးတယောက်ဟာ ဖုန်းထဲကနေတဆင့် App တခုကို Download လုပ်ကြည့်ရာကနေ ဇာတ်လမ်းစတင်ထားပါတယ်။ အဲဒီ App မှာတော့ လူတယောက်ချင်းစီကို မသေဆုံးခင်အချိန်ထိ ကျန်နေတဲ့ ကာလအပိုင်းအခြား အလိုက် Count Down လုပ်ထားတာပါ။ Quinn Harris ရဲ့ အသက်ရှင်သန်ရမယ့် ရက်က ၃ ရက်သာ ကျန်နေတော့တာကို သိလိုက်ရတဲ့အခါ ဘာတွေ ဆက်ဖြစ်လာမလဲ၊ သူ အသက်ရှင်သန် နေထိုင်ဖို့ ဘယ်လို ကြိုးစားမလဲ၊ တကယ်ရော အသက်ရှင်နိုင်ပါ့မလား ဆိုတာတွေကို ရင်တထိတ်ထိတ်နဲ့ စိတ်လှုပ်ရှားစွာ ရှုစားကြရမှာပဲ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ အမေရိကန် သရုပ်ဆောင်မင်းသမီး Elizabeth Lail က ခေါင်းဆောင် ပါဝင်ထားပြီး သူနဲ့အတူ တခြားဟောလိဝုဒ်သရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ Jordan Calloway ၊ Talitha Bateman ၊ Tichina Arnold နဲ့ P.J. Byrne စတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်ထားကြတာပါ။ ဒီကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ တချို့ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား Dialog တွေက အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။ ကြာမြင့်ချိန် မိနစ် ၉၀ ရှိတဲ့ ဒီရုပ်ရှင်ကား Trailer ကို Youtube ပေါ်မှာတော့ လတ်တလောအချိန်ထိ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ သန်းနဲ့ချီ ရှိနေခဲ့ပြီ ဖြစ်ပါတယ်။
2 years Ago
Up