ထူးခြားတဲ့ ပုံစံတမျိုးနဲ့ ရိုက်ကူးတင်ဆက်ထားတဲ့ ဟောလိဝုဒ် Comedy Drama အမျိုးအစားရုပ်ရှင်-The Climb ကို လာမယ့် သီတင်းပတ်ထဲ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
ဒီကားကိုတော့ ဟောလိဝုဒ်သရုပ်ဆောင်မင်းသား Michael Angelo Covino က သူကိုယ်တိုင်လည်း ပါဝင်သရုပ်ဆောင်ထားပြီး ကိုယ်တိုင် ဒါရိုက်တာအနေနဲ့ ရိုက်ကူးထားတာ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ကတော့ နှစ်ကာလများစွာ ညီရင်းအစ်ကိုတွေလို ချစ်ခင်ရင်းနှီးကြသူတွေကြား ထင်မှတ်မထားတဲ့ အကြောင်းအရာတွေက အဲဒီရင်းနှီးချစ်ခင်မှုစည်းကို ဖျက်ဆီးလိုက်နိုင်တယ်ဆိုတဲ့ အကြောင်းအရာနဲ့ တည်မြဲတဲ့ ဆက်ဆံရေးအကြောင်းကို ပြသထားခဲ့တာပါ။ Kyle နဲ့ Mike တို့က စားအတူ သွားအတူရှိကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေ သူငယ်ချင်းတွေ ဖြစ်ပါတယ်။ တနေ့မှာတော့ Mike က Kyle နဲ့ စေ့စပ်ထားတဲ့ အမျိုးသ မီးနဲ့ အိပ်ယာပေါ်က ဇာတ်လမ်းဖြစ်ခဲ့ကြချိန်မှာတော့ အခြေအနေဟာ ပြောင်းလဲသွားခဲ့ပါ တော့တယ်။ ဒါက နယ်လွန်စည်းတခု ဖြစ်လာခဲ့လေမလား၊ ဒီနောက်ကွယ်မှာရော ဘယ် လိုအကြောင်းအချက်တွေ ရှိနေမလဲ၊ သူတို့ ဘယ်လိုရှေ့ဆက်သွားကြမလဲ၊ ဘယ်လိုဇာတ် လမ်းဇာတ်ကွက်တွေနဲ့ ရိုက်ကူးပုံဖော်ထားမလဲဆိုတာကို ဒီကားထဲမှာ ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။
ဒီကားထဲမှာတော့ သရုပ်ဆောင်မင်းသား Michael Angelo Covino၊ Kyle Marvin နဲ့ Gayle Rankin တို့က အဓိက ခေါင်းဆောင်ပါဝင်ထားကြတာ ဖြစ်ပါတယ်။
ဒီကားထဲမှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေနဲ့ ပြောစကား Dialog တွေက အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။
ဒီရုပ်ရှင်ကိုတော့ နာမည်ကြီး ရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ Cannes Film Festival အပါအဝင် တခြားရုပ်ရှင်ပွဲတော်တွေမှာလည်း Official Selection အနေနဲ့ ကနဦး ပြသခဲ့ပြီး ချီးကျူးမှုတွေလည်း ရရှိထားခဲ့ပါတယ်။
IMDb မှာတော့ ဒီရုပ်ရှင်ကားဟာ Rating 7.2 အထိ ရရှိထားတဲ့ ဇာတ်ကား ကောင်းတကား ဖြစ်ပါတယ်။
ကြာမြင့်ချိန် ၉၄ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကိုတော့ နိုင်ငံတကာမှာ လာမယ့် မတ်လ ၂၀ ရက်နေ့ စတင်ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။
12 months Ago