CMP စက်ရုံ

September 21, 2020

စက်ရုံအလုပ်ရုံပိတ်ရက် သီတင်း ၂ ပတ်အတွက် လူမှုဖူလုံရေးထောက်ပံ့ငွေ ခံစားခွင့်ရမည်

ကျန်းမာရေးဝန်ကြီးဌာနရဲ့ အမိန့်သတ်မှတ်ချက်ပါ လုပ်ငန်း ၂ ပတ်ယာယီပိတ်ရမယ့် စက်ရုံ၊ အလုပ်ရုံတွေက လုပ်သားတွေအတွက် လူမူဖူလုံရေးဥပဒေနဲ့အညီ လုပ်ခခံစားခွင့်ပြုမယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ် ဒါ့အပြင် လူမှုဖူလုံရေး အာမခံထည့်ဝင်ထားတာမရှိတဲ့အလုပ်သမားတွေအတွက်လည်း နိုင်ငံတော်အစိုးရက ထောက်ပံ့ပေးဖို့စီစဉ်နေ သလို၊ လုပ်ငန်းရှင်တွေဘက်ကလည်း ပူးပေါင်းထောက်ပံ့ပေးဖို့ ပြည်ထောင်စုဝန်ကြီးကတိုက်တွန်းပါတယ်။ ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်ပြီး  မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI တာဝန်ရှိသူတွေနဲ့ပြုလုပ်တဲ့ Video Conference ဆွေးနွေးပွဲမှာ ဝန်ကြီးက ပြောသွားတာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာတွေများပြားလာတဲ့အတွက်  ကိုကိုးကျွန်းကလွဲပြီး ရန်ကုန်တိုင်းရှိ မြို့နယ်အားတွေအားလုံးကို   Stay at home အစီစဉ်နဲ့အ ကျုံးဝင်ကြောင်း  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၂၀ ရက်က ကြေညာခဲ့ပါတယ်။ အဲ့ဒီကြေညာချက်မှာ ရန်ကုန်တိုင်းဒေသကြီးရှိ အဖွဲ့စည်းတွေ၊ ကုမ္ပဏီတွေ အနေနဲ့ အိမ်မှာနေပြီး အလုပ်လုပ်ကြဖို့၊ ကုန်ကြမ်းယူ၊ ကုန်ကြမ်းပေးဆောင်ရွက်တဲ့ လက်ခစားCMP စက်ရုံ၊ အလုပ်ရုံတွေမှာ လုပ်ကိုင်နေသူတွေ အနေနဲ့ စက်တင်ဘာ ၂၄ ရက်မှ အောက်တို ဘာ ၇ ရက် အထိ လုပ်ငန်းခွင်သွားရောက်ခွင့်မပြုဖို့  စတာတွေပါဝင်ပါတယ်။ သတင်း-ဇာခြည်
8 months Ago
Up