CleanUp Challenge

March 23, 2019

အနုပညာရှင်တွေရဲ့CleanUp Challenge

အနုပညာရှင်တွေ ပါဝင်တဲ့ CleanUp Challenge ကို ဒီနေ့ မနက်ကစပြီး ဗိုလ်တထောင်မြို့နယ် ဘိုကလေးဈေးလမ်းနဲ့ ၄၃ လမ်း၊ နောက်ဖေးလမ်းကြားမှာရှိတဲ့ အမှိုက်တွေကို ရှင်းလင်းနေပါတယ်။ စည်ပင်က ဒီနေ့မနက်အစောပိုင်းမှာ ၄၃ လမ်းထဲရှိ လမ်းဘေးဈေးဆိုင်တွေနဲ့ ရပ်ထားတဲ့ ယာဉ်တွေကို ဖယ်ရှားရှင်းလင်းခိုင်းတာတွေ ပြုလုပ်ခဲ့ပါတယ်။ ပရဟိတသမားတွေလည်း ပါဝင်ကြတာ ဖြစ်ပြီး ဒီ လှုပ်ရှားမှုကို သန့်ရှင်းရေး လှုပ်ရှားနေတဲ့ အဖွဲ့တွေက မတ်လ ၆ ရက်ကစလို့ နှိုးဆော်ထားတာ ဖြစ်ပါတယ်။ ပြီးတော့ နိုင်ငံအနှံ့ မြို့တော်တော်များများမှာ စိတ်ဝင်တစား ပါဝင်လှုပ်ရှားကြပြီး အခုတော့ ရန်ကုန်မှာ အနုပညာရှင်တွေပါဝင်တဲ့ ဒုတိယအကြိမ် လှုပ်ရှားမှု ဖြစ်ပါတယ်။ ဓာတ်ပုံ -ထွန်းထွန်းသိန်း
3 years Ago
Up