CJ အလွတ်သတင်းထောက်

April 6, 2021

ပြည်မြို့က CJ အလွတ်သတင်းထောက် ၁ ဦးဖမ်းဆီးခံရ

ပဲခူးတိုင်း၊ ပြည်မြို့က အလွတ်သတင်းထောက် (CJ) ကိုလပြည့်ကို ရဲတပ်ဖွဲ့က  ဖမ်းဆီးသွားတယ်လို့ ပြည်မြို့ခံ ၁ ဦးထံက သိရပါတယ်။

ပြည်မြို့ တရုတ်တန်းလမ်းက သူ့မိခင်နေအိမ်မှာ ဧပြီ ၅ ရက်နေ့ မနေ့ညနေ ၅ နာရီခွဲလောက်မှာ ရဲက ဖမ်းသွားတာလို့ဆိုပါတယ်။

ကိုလပြည့်ဟာ သတင်းဌာန လက်ကိုင်မရှိဘဲ  Citizen Journalist တစ်ဦးအဖြစ် ရပ်တည်နေတာ ဖြစ်ပြီး ဘာကြောင့် သူ့ကိုဖမ်းဆီးသွားလဲဆိုတာကိုတော့ မသိရသေးပါဘူး။ 

8 months Ago
Up