CHU-PDF

June 7, 2021

အကြမ်းဖက်စစ်အုပ်စုအန္တရာယ်မှကာကွယ်ရန် ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်​ရေးတပ် ဖွဲ့စည်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်မှာ ပြည်သူ့ကာကွယ်​ရေးတပ် (CHU-PDF) ဖွဲ့စည်းပြီး​ကြောင်းကို  ဇွန်လ ၇ ရက်​နေ့မှာ  ထုတ်ပြန်ကြေညာပါတယ်။

ချောင်းဦး​မြို့နယ်အတွင်းရှိ နိုင်ငံ​ရေးအင်အားစုတွေနဲ့ အကြမ်းဖက်စစ်​ကောင်စီကို နည်းလမ်းမျိုးစုံနဲ့ ဆန့်ကျင်​တော်လှန်​နေကြ​က တော်လှန်​ရေးအင်အားစုတွေကို  စုစည်းပြီး ​ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ကို ဖွဲ့စည်းထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်​ချေမှုန်းပြီး စစ်မှန်​တဲ့ ဖက်ဒရယ်ဒီမိုက​ရေစီပြည်​ထောင်စု ​ပေါ်ထွန်းရေး၊ ချောင်းဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်​ကောင်စီ အုပ်ချုပ်​ရေးယန္တယားကို  ဖြတ်​တောက် နှိမ်နှင်းရန်ရေး ​ချောင်းဦးမြို့နယ်အတွင်း ပြည်သူလုထုကို အကြမ်းဖက်စစ်​ကောင်စီ လက်ပါး​စေ ​သောင်းကျန်း​သူတွေရဲ့ အန္တရာယ်မှ ကာကွယ်​စောင့်​ရှောက်ရေးတို့အတွက် ရည်ရွယ်ဖွဲ့စည်းခဲ့တာလို့ ဆိုပါတယ်။

အမျိုးသားညီညွတ်​ရေးအစိုးရ ကာကွယ်​ရေးဝန်ကြီးဌာနရဲ့ အမိန့်ကိုနာခံကာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ​ဒေသကာကွယ်​ရေးတပ်ဖွဲ့တွေ၊ နိုင်ငံ​ရေးအင်အားစုတွေနဲ့ ချိတ်ဆက်ပူး​ပေါင်းကာ တိုက်ပွဲတွေ စနစ်တကျ​ ဖော်​ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံဒေသအသီးသီးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအသီးသီးဖွဲ့စည်းပြီး အာဏာရှင် အကြမ်းဖက်စစ်အုပ်စုကို တော်လှန်တိုက်ခိုက်နေကြတာဖြစ်ပြီး တပ်တွေအားလုံး တချိန်တည်း တပြိုင်တည်း တိုက်ခိုက်ရမယ့် နေ့ရက်ကို တိုက်ပွဲခေါ်သံပေးမယ်လို့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားထားပါတယ်။

8 months Ago
Up