challenge

A d v e r t i s e m e n t With Us

May 18, 2020

ပရိသတ်တွေ Mask တပ်ကြဖို့ စိုင်းစိုင်းခမ်းလှိုင် Challenge ခေါ်(ဓာတ်ပုံ)

       နှုတ်ခမ်းနီမလေးတို့ အသည်းစွဲအဆိုတော် သရုပ်ဆောင်တယောက်ဖြစ်တဲ့ စိုင်း စိုင်းခမ်းလှိုင်က လတ်တလောကာလမှာ အရေးတကြီးလုပ်ဆောင်ဖို့ လိုအပ်နေတဲ့ Mask တပ်ကြဖို့ အရေး ပရိသတ်တွေကို Challenge ခေါ်ထား ပါတယ်။        မေလ ၁၆ ရက်နေ့မှာတော့ သူကိုယ်တိုင် နှစ်သက်တဲ့ Mask တပ်ထားတဲ့ ဓာတ်ပုံ တပုံကို သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်ပေါ်မှတဆင့် မျှဝေထားခဲ့ပြီး ခုလိုရေး သားဖော်ပြထားခဲ့တာပါ။        “Simple Mask Challenge… Put on your favourite mask… Take selfie and post it wherever u like with Hashtag… #MyMaskChallenge… I now challenge you, all my fans… Sai Sai Kham Leng”        လတ်တလောကာလဟာ ကမ္ဘာ့ကပ်ရောဂါတခုလိုဖြစ်နေတဲ့ COVID-19 ဗိုင်းရပ်စ် အန္တရာယ်ကြောင့် ကမ္ဘာ့နိုင်ငံတွေနည်းတူ မြန်မာနိုင်ငံဟာလည်း ကျန်းမာရေး အသိ၊ သတိနဲ့ နေထိုင်ကြဖို့ အရေးတကြီး လိုအပ်နေချိန် ဖြစ်ပါတယ်။        ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ဆောင်ရန်ရှောင်ရန်တွေကို သတိပြုလိုက် နာကြဖို့၊ အာဟာရပြည့်ဝတဲ့ စားသောက်နေထိုင်မှုပုံစံနဲ့ တကိုယ်ရေ သန့်ရှင်းမှုကို ဂရု ပြုကြဖို့အပြင် လူစုလူဝေးနဲ့ ပွဲလမ်းသဘင်အခမ်းအနားတွေကို ရှောင်ကြဉ်ကြဖို့ကလည်း အရေးကြီးပြီး တကယ်လို့ မဖြစ်မနေ သွားလာကြရတဲ့အခါ မျက်လုံး၊ နှာခေါင်း၊ ပါးစပ် စတဲ့ ရောဂါပိုးဝင်ရောက်နိုင်မယ့် အဓိက နေရာတွေကို ဖုံးအုပ်ကာကွယ်နိုင်ဖို့ Mask တပ် ဆင်အသုံးပြုဖို့ကလည်း အရေးပါပါတယ်။        နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင်လည်း Mask ကို အထူးဂရုပြုတပ်ဆင်ကြ ဖို့၊ လက်ကိုဆေးဖို့စတဲ့ အခြေခံကျတဲ့ ကျန်းမာရေးအသိပညာပေးမှုတွေကို ကျယ်ကျယ် ပြန့်ပြန့်လုပ်ဆောင်နေပြီး သိပ်မကြာခင်ကလည်း ကိုယ်တိုင်ချုပ် Mask ပြိုင်ပွဲတခုကို ကျင်းပခဲ့ပါသေးတယ်။        ဒီလိုအခြေအနေမှာ လူထုပရိသတ်တွေကို အနုပညာရှင်တွေကလည်း တပ်အားတဲ့ တဖက်တလမ်းက ကူညီပေးနေကြသူတွေထဲ စိုင်းစိုင်းခမ်းလှိုင်ကလည်း တယောက်အပါ အဝင်ပဲ ဖြစ်ပါတယ်။        ကျန်းမာရေးအသိပညာပေး ရုပ်သံတွေမှာ ပါဝင်လှုပ်ရှားနေသလို၊ သူ့ရဲ့ မွေးနေ့ ဖျော်ဖြေပွဲမှ ရရှိတဲ့ ရန်ပုံငွေတွေနဲ့ COVID-19 တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ ပါဝင်လှူ ဒါန်းမှုတွေလည်း လုပ်ဆောင်နေသူပါ။        ခုတခါ ပရိသတ်တွေကို Challenge ခေါ်တဲ့ လှုပ်ရှားမှုပို့စ်အောက်မှာတော့ သူ့ရဲ့ ပရိသတ်တွေ အများအပြား ပါဝင်ခဲ့ကြတာကိုလည်း တွေ့ရပါတယ်။        ကမ္ဘာတလွှား COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေဟာ ၄,၈၀၅,၂၁၀ ယောက် ရှိလာခဲ့ပြီဖြစ်ပြီး သေဆုံးသူ ၃၁၆,၇၃၂ ယောက်ရှိနေပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ လက်ရှိအချိန်ထိ ပိုးကူးစက်ခံရသူ ၁၈၇ ယောက်နဲ့ သေဆုံးသူ ၆ ယောက် ရှိနေခဲ့တာ ဖြစ်ပါတယ်။
8 months Ago

May 11, 2019

မြန်မာနိုင်ငံက အစပြုတယ်လို့ နာမည်ကြီးနေတဲ့ ပိုးဟပ် challenge

ပြီးခဲ့တဲ့ နှစ်တွေအတွင်း ထူးထူးဆန်းဆန်း Challenge တွေ အင်တာနက်မှာ အထူးခေတ်စားခဲ့ပါတယ်။ အခုလည်း အထူးတကာ့ အထူးဆန်းဆုံး Challenge တခုခေတ်စားလို့ လာပြန်ပါတယ်။ အဲ့ဒါကတော့ ပိုးဟပ်အရှင်တွေကို မျက်နှာပေါ်တင်ပြီး ဆဲလ်ဖီဆွဲကာ လူမှုကွန်ရက်ပေါ်မှာ ပြန်လည်မျှဝေနေခြင်းပဲဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဒီလိုပိုးဟပ် challenge ဟာ ဘယ်အချိန်တုန်းက ဘယ်လိုမျိုး ဒီလောက်နာမည်ကြီးလာလဲဆိုတာ ပြောဖို့ခက်ပေမယ့် သတင်းအချို့ကတော့ ဒါဟာ Alex Aung လို့ခေါ်တဲ့ မြန်မာနိုင်ငံသားတဦးက ပြီးခဲ့တဲ့လမှာ စတင်ခဲ့တယ်လို့ဆိုပါတယ်။ ဒီမြန်မာလူငယ်လေးက မကြာသေးခင်အချိန်က ပိုးဟပ်ကြီးတကောင်ကို သူ့မျက်နှာပေါ်တင်ထားတဲ့ ဓာတ်ပုံကို ဖေ့စ်ဘွတ်ခ်ပေါ်တင်ခဲ့ပြီး “Challenge အသစ် မင်းတို့ လိုက်လုပ်နိုင်လား” ဆိုတဲ့စာသားနဲ့ ဒီဖြစ်ရပ်ကို အစပြုခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီအချိန်ကစလို့ ဒီဓာတ်ပုံဟာ လူမူကွန်ရက်အသုံးပြုသူတွေကြားမှာ အလျင်အမြန် နာမည်ကြီးလာခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ မြန်မာနိုင်ငံက လူတွေတင်မဟုတ်တော့ဘဲ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားက လူမှုကွန်ယက် အသုံးပြုသူတွေဟာလည်း ဒီ challenge ကို လိုက် လံလုပ်ဆောင်ကာ မျက်နှာပေါ်ပိုးဟပ်တင်ထားတဲ့ ဓာတ်ပုံတွေကို လူမူကွန်ရက်ပေါ် မျှဝေရာကနေတဆင့် ဒီပိုးဟပ် challenge အစပြုခဲ့တယ်လို့ OC သတင်းမှာဖော်ပြပါတယ်။ ဒါ့အပြင် ဒီ challenge ကို လိုက်လုပ်သူ အများစုက အရှေ့တောင်အာရှ နိုင်ငံအချို့မှာ အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးတဲ့ အမေရိကန် ပိုးဟပ်ကြီးတမျိုးကို အသုံးပြုကြတယ်လို့ သတင်းကဆိုပါတယ်။ ပိုးဟပ်တွေကို သူတို့နေထိုင်ရာ နေရာတွေနဲ့ပတ်သက်လို့ ညစ်တီးညစ်ပတ် သတ္တဝါတွေအဖြစ် သတ်မှတ်ထားတာဖြစ်ပြီး ဒီလိုသတ္တဝါမျိုးကို မျက်နှာပေါ်တင်ကာ ဓာတ်ပုံအရိုက်ခံခြင်းက ကောင်းမွန်တဲ့ စိတ်ကူးတော့မဟုတ်ပါဘူး။ ဒါပေမယ့် ပိုးဟပ် challenge ကတော့ လက်ရှိအချိန်မှာ လူသိများထင်ရှားနေပြီး ဒီ challenge ကို အရှေ့တောင်အာရှနိုင်ငံအများစုက လိုက်လုပ်ကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
2 years Ago
Up