CDM သူနာပြုဆရာမ

July 3, 2021

ကလေးဝမြို့နယ်တွင် CDM သူနာပြုဆရာမ ၁ ဦးဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်၊ ရှမ်းအင်းကျေးရွာက CDM ကျန်းမာရေးဝန်ထမ်း တစ်ယောက်ဖြစ်တဲ့ သူနာပြုဆရာမ မပွင့်ဝေကို  အကြမ်းဖက်စစ်အုပ်စုက ဇူလိုင် ၂ ရက်နေ့ ညနေပိုင်းက ဖမ်းဆီးသွားပါတယ်။

သူနာပြုဆရာမရဲ့ သူငယ်ချင်းဖြစ်သူက “ အခုညနေပိုင်းမှာ လာဖမ်းသွားတယ်။ သူက စစ်ကောင်စီ လက်အောက် အလုပ်မလုပ်နိုင်တဲ့အတွက် CDM ပြုလုပ်ခဲ့တယ်။ သူ့အိမ်မှာ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ရဲတွေကလာဖမ်းသွားတာ” လို့ပြောပါတယ်။  

သူနာပြုဆရာမကို ဘာအတွက်ဖမ်းဆီးတယ်၊ ဘာအမှုနဲ့ ဖမ်းဆီးထားတယ်ဆိုတာနဲ့ လက်ရှိ ဘယ်မှာ ဖမ်းဆီးထားတယ်ဆိုတာ မသိရသေးဘူးလို့လည်း   မပွင့်သူငယ်ချင်းကပြောပါတယ်။ 

ကလေးဝမြို့မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမြင့်တက်လာနေပြီး ကျန်းမာရေးဝန်ထမ်း လုံလောက်မရှိဘူးလို့လည်း သိရပါတယ်။ 

7 months Ago
Up