CDM ဝန်ထမ်း ၁ ဦး ကျဆုံ:

March 29, 2021

ပုသိမ်တွင် ညပိုင်းပစ်ခတ်ခံရမှုကြောင့် လွှတ်တော်ရုံး CDM ဝန်ထမ်း ၁ ဦး ကျဆုံး

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ မတ်လ ၂၈ ရက်နေ့ ညပိုင်းက ရပ်ကွက်တွေထဲ စစ်တပ်နဲ့ ရဲ သေနတ်တွေနဲ့ လိုက်လံပစ်ခတ်မှုကြောင့် CDM ဝန်ထမ်း ၁ ဦးသေဆုံးပြီ တခြားသူ  ၂ ဦး ဒဏ်ရာရ ခဲ့ပါတယ်။

ပုသိမ်မြို့၊ အမှတ် ၆ ရပ်ကွက်က ဘန့်ဘွေးကုန်းခံတပ်ကို ရဲနဲ့ စစ်တပ်က ည ၉ နာရီကျော်လောက်မှာ လာရောက်ပစ်ခတ်ခဲ့လို့ လွှတ်တော်ရုံးက ဝန်ထမ်း CDM ပြုလုပ်နေသူ ဇင်လင်းအောင် (ခ) ငလင်း လည်ပင်းထိမှန်ပြီး ကျဆုံးခဲ့တာလို့ သိရပါတယ်။

" ရပ်ကွက်တွေကို လိုက်ပစ်ပြီး မကြာဘူး ဒီခံတပ်ကို လာပစ်တာ အစ်ကိုတစ်ယောက် လည်ပင်ထိပြီး ကျသွားတယ်။ ပြင်းထန် ဒဏ်ရာရတာ ၂ ဦးရှိတယ် ဆေးကုသမှုတွေလုပ်ပေးနေပြီး ''လို့ ခံတပ်မှာရောက်နေသူ တစ်ဦးက ပြောပါတယ်။

ရဲနဲ့စစ်တပ်ပစ်လို့ အမျိုးသား ၁ ဦးကျဆုံးခဲ့တဲ့အပြင် နောက်အမျိုးသား ၂ ဦး လက်မောင်းနဲ့ ခြေထောက်ထိတဲ့ ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

မတ်လ ၂၇ ရက်နေ့က ပုသိမ်မြို့မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ပစ်ခတ်မှုကြောင့် အသက် ၁၆ နှစ်အရွယ် အမျိုးသား ၂ ဦး၊ အသက် ၃၁ နှစ်အရွယ်အမျိုးသား ၁ ဦးနဲ့ ၃၆ နှစ်အရွယ် အမျိုးသား ၁ ဦးကျဆုံးခဲ့ပါတယ်။

ပုသိမ်မြို့မှာ အကြမ်းဖက်စစ်အုပ်စု အာဏာသိမ်းပြီးနောက်ပိုင်း ဖေဖော်ဝါရီလ ၇ ရက်နေ့က စတင်ကာ စစ်အာဏာရှင်ဆန့်ကျင် ရေး ဆန္ဒပြခဲ့လို့ ဖြိုခွင်းခံရတာ ၁၀ ကြိမ်ရှိပြီး မတ်လ ၂၈ ရက်နေ့ ထိ သေဆုံးသူ ၇ ဦးရှိလာခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

2 months Ago
Up