CDM ရဲတပ်ဖွဲ့ဝင်

October 16, 2021

စစ်ကိုင်း CDM ဆရာမ ၁ ဦး ထောင်ဒဏ် ၂ နှစ်ချခံရ၊ အရာတော် ရဲ ၂ ဦး ပြည်သူနှင့်ပူးပေါင်း

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့ က CDM လုပ်ထားတဲ့ ကျောင်းဆရာမ တယောက်ကို  သဘာဝဘေးစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နဲ့ အောက်တိုဘာ ၁၅ ရက်နေ့က ထောင်ဒဏ် ၂ နှစ်ကျခံဖို့ အမိန့်ချလိုက်ပါတယ်။

အမက (၁၁) မင်းလမ်းကျောင်းက ဆရာမ ဒေါ်ဌေးဌေးဝေကို CDM လှုပ်ရှားမှုမှာ ပါဝင်တယ်ဆိုပြီး ဧပြီ ၁၂ ရက် ညပိုင်းက နေအိမ်မှာ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။

“တရားစွဲတာက သဘာဝဘေး ပုဒ်မ ၂၅ နဲ့ စွဲတယ်။ ဒီနေ့ပဲ ထောင်ဒဏ် ၂ နှစ် အမိန့်ချလိုက်တယ်။ ကိုဗစ်စည်းမျည်းတွေ ဖောက်ဖျက်တယ်ဆိုပြီး တရားစွဲထောင်ချတာပါ” လို့ ဆရာမ ဒေါ်ဌေးဌေးဝေ နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဆရာမ ဒေါ်ဌေးဌေးဝေဟာ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့အပြင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေမှာလည်း ပါဝင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်မှာတော့ စစ်သား ဒုတပ်ကြပ် တစ်ဦးနဲ့ ရဲတပ်သားတစ်ဦး ပြည်သူနဲ့ ပူးပေါင်းခဲ့တယ်လို့ အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

အမှတ် (၁၀) စစ်အခြေခံလေ့ကျင့်ရေးတပ်မှ ဒုတပ်ကြပ် ကျော်လှိုင်ဦး နဲ့  အရာတော် မြို့မရဲစခန်း မှ ရဲတပ်သား ကောင်းထက်ဇော်တို့ဖြစ်ပြီး အောက်တိုဘာ ၆ ရက်နေ့က စတင်ကာ ပြည်သူ့ရင်ခွင်ခိုလှုံတာခဲ့တာလို့ သိရပါတယ်။

အောက်တိုဘာ ၁၅ ရက်နေ့မှာ ဒုတပ်ကြပ် ကျော်လှိုင်ဦး နဲ့  ရဲတပ်သား ကောင်းထက်ဇော်တို့ဟာ အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ အရာတော်မြို့နယ် ပြည်သူ့ရင်ခွင်အဖွဲ့တို့ရဲ့ အကူအညီနဲ့ လွတ်မြောက်နေရာတစ်ခုကို ရောက်ရှိပြီလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

6 days Ago

September 28, 2021

ယောဒေသ၌ ၂ ရက်အတွင်း ပြည်သူ့ရင်ခွင်ခိုလှုံသည့် ရဲတပ်ဖွဲ့ဝင် ၇ ဦးရှိလာ

မကွေးတိုင်းဒေသကြီး ယောဒေသအတွင်းမှာ ၂ ရက်အတွင်း ပြည်သူ့ရင်ခွင်ကို ခိုလှုံတဲ့ ရဲတပ်ဖွဲ့ဝင် ၇ ယောက်အထိ ရှိလာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကနေ သိရပါတယ်။

ဂန့်ဂေါမြို့နယ် ကန်နယ်မြေရဲစခန်းက စခန်းမှူး ရဲအုပ်​မြတ်ထွန်းအောင်နဲ့ ရဲတပ်သား ၄ ယောက် မနေ့က လက်နက်အပြည့်စုံနဲ့ ပြည်သူ့ရင်ခွင်ခိုလှုံပြီး CDM ပြုလုပ်သလို ဒီကနေ့မနက်ပိုင်းမှာလည်း ယောဒေသ မြို့မရဲစခန်းတခုက ရဲတပ်သား ၂ ယောက် ထပ်မံပြီးတော့ CDM ပြုလုပ်လာတယ်လို့ ယောဒေသပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ယောက်က ဒီဗွီဘီကို ပြောပါတယ်။

အဲဒီလို ပြည်သူ့ဘက်ကို ရပ်တည်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ ပြည်သူ့ရဲတပ်ဖွဲ့ဝင်တွေကို ဘေးကင်းလုံခြုံတဲ့ နေရာကို ပို့ဆောင်ပေးထားပြီး ကောင်ကောင်းမွန်မွန် စောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။

အခုလို ပြည်သူ့ဘက်ကို ရပ်တည်ပြီးတော့ CDM ပြုလုပ်ကြတဲ့ ပြည်သူ့ရဲတွေနဲ့ စစ်သားတွေ များပြားလာတာဟာလည်း စစ်တိုက်စရာမလိုဘဲ ရရှိလိုက်တဲ့ ပြည်သူ့ အောင်ပွဲတစ်ခု ဖြစ်တယ်လို့ ယောဒေသပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်က ပြောပါတယ်။

ရဲဝန်ထမ်းတွေ၊စစ်သားတွေ့နေနဲ့ လက်နက်၊ အီကွေးမန့် အပြည့်အစုံနဲ့ ပြည်သူ့ရင်ခွင်ကို ခိုလှုံမယ်ဆိုရင် ထိုက်သင့်တဲ့ ဆုငွေချီးမြှင့်ပြီး လွတ်မြောက်နယ်မြေ (သို့မဟုတ်) ပြည်ပကို ပို့ဆောင်ပေးသွားမယ်လို့ ဆိုပါတယ်။

3 weeks Ago
More News
Up