CDM ထိုင်သပိတ်

March 2, 2021

အင်းစိန်ဈေးရှေ့ CDM ထိုင်သပိတ် အရှိန်မြှင့်

ရန်ကုန်၊ အင်းစိန်မီးရထားစက်ခေါင်းစက်ရုံဝန်ထမ်းတွေ၊ ပညာရေးဝန်ထမ်းတွေ၊  တခြားဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ရပ်ကွက်နေပြည်သူတွေ ပါဝင်တဲ့ အင်းစိန်ဈေးရှေ့ CDM ထိုင်သပိတ်ကို  မတ်လ ၂ ရက်နေ့မှာထပ်ပြီး အရှိန်မြှင့်လိုက်ပါတယ်။

CDM ဆောင်ရွက်နေတဲ့ဝန်ထမ်းတွေကို အာဏာသိမ်း စစ်ကောင်စီက ခြိမ်းခြောက်တာတွေ ပြုလုပ်နေပေမယ့် ဒီမနက် ထိုင်သပိတ်မှာ လူအင်အား ၆၀၀၀ လောက်ပါဝင်လာတာတွေ့ရ ပါတယ်။

ဖမ်းဆီးခံခေါင်းဆောင်တွေနဲ့ အပြစ်မဲ့ပြည်သူတွေပြန်လွှတ်ပေးရေး၊ အရပ်သားအစိုးရကို အာဏာပြန်လွှဲပေးရေး၊ စစ်အာဏာရှင်စနစ်အလိုမရှိ စတာတွေကို ဝန်ထမ်းတွေက ကြွေးကြော် နေကြပါတယ်။

9 months Ago
Up