CDM ကျောင်းအုပ်

November 20, 2021

ညောင်ရွှေတွင် CDM ကျောင်းအုပ်အပါအဝင် ၄ ဦးကို စစ်ကောင်စီက အကြမ်းဖက်ဖမ်းဆီး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ဆည်ခေါင်မူလတန်းကျောင်းက CDM ကျောင်းအုပ်ဆရာမအပါအဝင် ၄ ယောက်ကို နိုဝင်ဘာ ၁၉ ရက်နေ့မှာ စစ်ကောင်စီက အင်အားသုံး ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ‌ပြောပါတယ်။

"CDM ကျောင်းအုပ်အပါအဝင် လက်ထောက်ဆရာမတစ်ဦး၊ ကျောင်းကော်မတီဝင်အမျိုးသား နှစ်ဦးကို အမည်၊ ဓာတ်ပုံနဲ့တကွ နန်းပန်စျေးမှာ အင်အား ၁၀၀ လောက်နဲ့ စီးနင်းပြီး အကြမ်းဖက်ဖမ်းဆီးသွားတယ်" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းက မြို့နယ်တွေမှာ စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ အရပ်သားပြည်သူ၊ ကျောင်းသားလူငယ်၊ သတင်းမီဒီယာသမားတွေနဲ့ CDM ဝန်ထမ်းတချို့ကို စစ်ကောင်စီတပ်က အင်းအားသုံး ဖမ်းဆီးတာတွေ စဉ်ဆက်မပျက်ပြုလုပ်နေတယ်လို့ ‌နယ်မြေခံတွေက ပြောပါတယ်။

1 week Ago

May 14, 2021

ဧရာဝတီတိုင်းအတွင်း CDM ကျောင်းအုပ် ၆၀ ကျော်ကို စစ်အုပ်စုက အလုပ်မှယာယီရပ်ဆိုင်း

ဧရာဝတီတိုင်းဒေသကြီးမှာ အာဏာဖီဆန် CDM ပြုလုပ်တဲ့ အထက်တန်းကျောင်းအုပ်၊ အလယ်တန်းကျောင်းအုပ် ၆၁ ယောက်ကို မေလ၁၂ရက်နေ့မှာ  စစ်အကြမ်းဖက်အုပ်စုက တာဝန်မှ ယာယီရပ်ဆိုင်းကြောင်း ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံတဝန်း အခြေခံပညာကျောင်းတွေမှာ စစ်ကျွန်ပညာရေးကို ဆန့်ကျင့်တဲ့ CDM ဆရာ ဆရာမတွေ အများအပြားလည်း  အလုပ်ဖြုတ်ခံရတာ၊ ဖမ်းဆီး တရားစွဲခံရတာ တွေရှိနေပါတယ်။ 

7 months Ago
Up