CDM ကျန်းမာ​ရေးဝန်ထမ်း

June 5, 2021

မိုးကုတ်မြို့တွင် CDM ကျန်းမာ​ရေးဝန်ထမ်း ၁ ဦး ဖမ်းဆီးခံရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ ရွှေညောင်ပင်ရွာက CDM ကျန်းမာ​ရေးဝန်ထမ်း ကိုဝေဖြိုးအောင်ကို   ဇွန်လ ၅ ရက် မနက် ၄ နာရီလောက်မှာ  အကြမ်းဖက်စစ်အုပ်စုက နေအိမ်ကနေ လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ရွှေညောင်ပင်ကျေးရွာက မိုးကုတ်မြို့နဲ့ မိုင် ၅၀ နီးပါး ဝေးတဲ့ကျေးရွာ ဖြစ်ပြီး ဖမ်းဆီးခံရတဲ့ ကျန်းမာရေးဝန်ထမ်းကိုဝေဖြိုးအောင်ဟာ မိုးကုတ်မြို့မှာ အနေများပြီး တခါတလေမှသာ ရွှေညောင်ပင်ကို ပြန်တယ်လို့ ဆိုပါတယ်။

ကိုဝေဖြိုးအောင်ဟာ မိုးကုတ်မြို့က ကွာရန်တင်းစင်တာတွေမှာ ပါဝင်ကူညီဆောင်ရွက်ခဲ့သူဖြစ်တယ်လို့ သိရပါတယ်။

8 months Ago
Up