CDMရဲတပ်သား

April 2, 2021

တမူးမြို့ နန်းဖာလုံတွင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် CDM ရဲတပ်သား ၁ ဦးကျဆုံး

စစ်ကိုင်းတိုင်း၊ တမူးမြို့ နန်းဖာလုံမှာ ဧပြီ ၂ ရက် မနက်အစောပိုင်း  ၂ နာရီလောက်က အာဏာသိမ်းစစ်ကောင်စီရဲ့အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် CDM လုပ်ထားတဲ့ ရဲတပ်သား ၁ ဦး ကျဆုံးသွားပါတယ်။  

နန်းဖာလုံ မီးသတ်ရုံးမှာ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေက အကြောင်းမဲ့ စတင်ပစ်ခတ်တာကြောင့် အသက် ၂၆ နှစ်အရွယ် ရဲတပ်သား ကိုကင်ကင်း ကျဆုံးခဲ့ကာ သူ့ရဲ့ ရုပ်အလောင်းကို အကြမ်းဖက်အဖွဲ့တွေက ပြန်သယ်သွားခဲ့တာလို့ သိရပါတယ်။

“ညပိုင်းက အလောင်းကို သယ်သွားတာ။ အခုမှ မိသားစုတွေ အလောင်းပြန်ရတယ်လို့ ပြောတယ်။ သင်္ဂြိုဟ်ဖို့ လုပ်နေပြီ” လို့ ဒေသခံတစ်ဦး က ပြောပါတယ်။

ညက ပစ်ခတ်မှုမှာ ပျောက်ဆုံးနေသူ အရပ်သား  ၂ ဦး လည်းရှိပြီး ဖမ်းဆီးခံရတာလား သေဆုံးတာလားဆိုတာကို အတည်ပြု မရသေးပါဘူး။

1 month Ago
Up