CDF-Senthang

October 5, 2021

စစ်ကောင်စီ တပ်ရင်း ၂၂၂ မှ ပြည်သူ့စစ်သား ၅ ဦး လက်နက်အပြည့်အစုံဖြင့် ပူးပေါင်း

ချင်းပြည်နယ်မှာ အောက်တိုဘာ ၄ ရက်နေ့က စစ်ကောင်စီ တပ်ရင်း ၂၂၂ က ပြည်သူ့စစ်သား ၅ ယောက် လက်နက်အပြည့်စုံနဲ့ CDF-Senthang တပ်ဖွဲ့ဆီ လာရောက်ပူးပေါင်းတယ်လို့ ထုတ်ပြန်ပါတယ်။

တပ်ရင်း ၂၂၂ က ပြည်သူ့စစ်သား ၅ ယောက်ဟာ MA1 သေနတ် ၂ လက်၊ ကျည်အပြည့်အစုံနဲ့ လာရောက်ပူးပေါင်းတာလို့ ဆိုပါတယ်။

အဲဒီပြည်သူစစ်သား ၅ ယောက်ကို နွေးထွေးစွာကြိုဆိုပြီး ထိုက်သင့်တဲ့ ဆုကြေးငွေနဲ့ လက်ဆောင်တွေ ချီးမြှင့်ကာ ဘေးကင်းလုံခြုံတဲ့နေရာကို ပို့ဆောင်ပေးလိုက်ပြီလို့ ဖော်ပြထားပါတယ်။

အဲဒီပြည်သူ့စစ်သား ၅ ယောက် လာရောက်ပူးပေါင်းတဲ့အချိန်မှာ အကူအညီပေးခဲ့ကြတဲ့ CDF-Zophei နဲ့ CDF-ထန်တလန် တပ်ဖွဲ့တွေကို ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။

1 year Ago
Up