CB Bank

March 31, 2020

Asiamoney ကရွေးချယ်သည့် အကောင်းဆုံးပြည်တွင်းဘဏ်ဆု CB Bank ရရှိ

       နာမည်ကျော် ဘဏ္ဍာရေးဆိုင်ရာ မဂ္ဂဇင်းတစောင်ဖြစ်တဲ့ Asiamoney ကရွေးချယ်တဲ့ ၂၀၂၀ ပြည့်နှစ် အကောင်းဆုံး ပြည်တွင်းဘဏ်ဆုအပါအဝင် ဆု ၃ ခုကို CB Bank က ရရှိပါတယ်။        သက်ဆိုင်ရာကဏ္ဍအလိုက် ရွေးချယ်ချီးမြှင့်တဲ့ ဒီဆုတွေထဲမှာ CB Bank က အကောင်းဆုံး ပြည်တွင်းဘဏ်ဆု-Best Domestic Bank ၊ Best Digital Bank ၊ Best Corporate and Investment Bank ဆုတွေ ရရှိသွားတာပါ။        ဗြိတိန်အခြေစိုက် Asiamoney မဂ္ဂဇင်းကို ၁၉၈၉ ခုနှစ်မှာ စတင်တည်ထောင်တာဖြစ်ပြီး ပုံမှန် စီးပွားရေး၊ ဘဏ္ဍာရေးဆိုင်ရာ ဆောင်းပါးတွေ၊ သုံးသပ်ချက်တွေနဲ့  ဘဏ္ဍာရေး အဖွဲ့အစည်းတွေကို အဆင့်သတ်မှတ်တာစတဲ့ ဝန်ဆောင်မှုတွေကို အွန်လိုင်းနဲ့ ပုံနှိပ်မီဒီယာအသွင် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။        တခြားကဏ္ဍအလိုက်ဆုတွေမှာတော့ မနှစ်က အကောင်းဆုံး ပြည်တွင်းဘဏ်ဆု အပါအဝင် ဆု ၂ ဆုရရှိတဲ့ ကမ္ဘောဇဘဏ်က Best Bank for CSR ဆု၊ ဧရာဝတီဘဏ်က Best Bank for SMEs ဆု၊ OCBC ဘဏ်က Best International Bank ဆု၊ Dawn အဖွဲ့က  Best for Microfinance ဆုတွေ အသီးသီး ရရှိပါတယ်။
2 years Ago

July 7, 2018

CB Bank အွန်လိုင်းစနစ် အဆင့်မြှင့်နေ၊ ၃ ရက်ခန့် အသုံးပြုနိုင်မည်မဟုတ်ဟု ကြေညာ

နည်းပညာဆိုင်ရာ အဆင်မြှင့်တင်တာတွေ လုပ်နေလို့ CB Bank ရဲ့ အွန်လိုင်း အသုံးပြုစနစ်တွေကို ဒီနေ့အပါအဝင် ၃ ရက်လောက် အသုံးပြုနိုင်မှာ မဟုတ်ဘူးလို့ ဘဏ်က ကြေညာထားပါတယ်။ ဇူလိုင် ၆ ရက် ည ၁၀ နာရီကစပြီး ၉ ရက်နေ့ မနက် ၁၀ နာရီအချိန်ထိ ကြာမြင့်မယ်လို့ ဆိုပါတယ်။ အဆင့်မြှင့်တာတွေ လုပ်နေချိန်မှာ Mobile Banking, Internet Banking, ATM ငွေထုတ်စက်တွေ၊ CRM ငွေသွင်း၊ ငွေထုတ်စက်တွေ၊ ဘဏ်စာအုပ်ကို စာရင်းသစ်ထပ်ရိုက်ပေးတဲ့  PUM စက်တွေ၊ Cheque Deposit Machine , CB Bank account နဲ့ ချိတ်ဆက်ထားတဲ့ကတ်တွေ (Debit Card) နဲ့ Mobile Agent ဝန်ဆောင်မှုတွေကို ရပ်ဆိုင်းထားမယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒီအချိန်ကာလထဲမှာ အခက်အခဲရှိတယ်ဆိုရင်တော့ ဘဏ်ဖုန်းနံပါတ် ၀၁-၂၃၁၇၇၇၀ ကို ၂၄ နာရီ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်တယ်လို့လည်း ဆိုပါတယ်။
3 years Ago
Up