CB ဘဏ်ခွဲဝန်ထမ်း

A d v e r t i s e m e n t With Us

January 20, 2021

ချောက်မြို့တွင် CB ဘဏ်ခွဲဝန်ထမ်း ၂ ဦး ကိုဗစ်-၁၉ ပိုး ထပ်မံကူးစက်ခံရ

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့မှာ ဇန်နဝါရီ ၁၉ ရက်မနက်ပိုင်းက CB ဘဏ်ခွဲ ဝန်ထမ်း အမျိုးသား နှစ်ယောက်  ကိုဗစ်-၁၉ ပိုးထပ်မံစစ်ဆေးတွေ့ခဲ့ရလို့ ကိုဗစ်-၁၉ ကူးစက်ခံရတဲ့ ဘဏ်ဝန်ထမ်း ၄ ယောက်အထိ ရှိလာပြီလို့ ချောက်မြို့နယ်ဆရာဝန်ကြီးက ပြောပါတယ်။ “‌‌နေမ‌ကောင်းလို့ မိုလာဂိတ်ကိုသွားစစ်လိုက်တာ သုံးယောက်စစ်တာ ကျားနှစ်ဦး ပိုးတွေ့တာ ဘဏ်ဝန်ထမ်းတွေကို မနေ့ကတည်းက Hotel ကွာရန်တင်း  သွင်းထားတာ  ”လို့ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးသက်ဦးကပြောပါတယ်။ ဇန်နဝါရီ ၁၈ ရက်ကလည်း CB ဘဏ်ခွဲဝန်ထမ်းက အမျိုးသား တစ်ယောက် ၊ အမျိုးသမီးတစ်ယောက်  ပိုးတွေ့ခဲ့ပြီး ကျန်ဝန်ထမ်း ၁၉ ယောက်ကို အဲဒီနေ့ ညနေမှာပဲ ဟိုတယ် ကွာရန်တင်းသွင်းထားခဲ့တာပါ။ ဘဏ်ဝန်ထမ်းတွေအထဲက ကျန်းမာရေးမကောင်းတဲ့ ၃ ယောက်ကို ခေါ်ယူစစ်ဆေးစဉ် အမျိုးသား ၂ ယောက်မှာ  ပိုးတွေ့တာဖြစ်ပြီး ၁၆ ယောက်ကို နောက်ရက်မှာ စစ်ဆေး သွားမယ်လို့ မြို့နယ်ဆရာဝန်ကြီးက ပြောပါတယ်။  ချောက်မြို့နယ်မှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာပေါင်း ၁၃၁ ယောက် အထိ ရှိနေပြီး Positive Center ပြုလုပ်ထားတဲ့ အမှတ် ၁၀ ရပ်ကွက် မဟာစည်ရိပ်သာမှာ ၂၇ ယောက်သာ စောင့်ရှောက်ထားပြီး  ကျန်လူနာတွေကတော့  သက်သာပြောက်ကင်းသွားပြီလို့ သိရပါတယ်။ သတင်း - ကိုလင်း (ချောက်)
1 month Ago
Up