CB ဘဏ်ခွဲ

November 6, 2021

ရေတာရှည်မြို့လယ်က CB ဘဏ်ခွဲ ဓားပြတိုက်ခံရ

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့၊   ၂ ရပ်ကွက်ရှိ CB ဘဏ်ခွဲကို  နို၀င်ဘာ ၅ ရက် နေ့လယ် ၁ နာရီကျော်က ဓားပြတိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရန်ကုန်-မန္တလေးလမ်းမကြီး ဘေးရှိ ရေတာရှည် CB ဘဏ်ခွဲကို ဆိုင်ကယ်နှစ်စီးနဲ့ မျက်နှာဖုံးတပ်ထားတဲ့ လူ‌ ၄ ယောက်က ဝင်ရောက်ဓားပြတိုက်ခဲ့တာဖြစ်ပြီး ငွေကျပ် သိန်း ၅၀၀ နဲ့ ၆၀၀ ကြား ပါသွားပြီး တချို့ကတော့ ၅၃၁ သိန်းလို့လည်း အတိအကျ ပြောနေကြတယ်လို့လည်း ဆိုပါတယ်။ 

ဘဏ်ဓားပြတိုက်တဲ့ဖြစ်စဉ်တွေဟာ ရန်ကုန်လိုမြို့ကြီးမှာလည်း ဖြစ်ခဲ့ပြီးပြည်သူနဲ့ PDF လှည့်တိုက်ဖို့ကြိုးစားနေတာမို့  ပြည်သူတွေက နားလည်ဖို့ပဲလိုတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

ဓားပြတိုက်မှုဖြစ်ပွားပြီးနောက် ရွှေကြက်ယက်ရပ်ကွက်နဲ့ အနီးတဝိုက်ရှိ နေအိမ်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ က စောင့်ကြပ်စစ်ဆေးနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ရေတာရှည်မြို့နယ်အတွင်းရှိ တော်လှန်ရေးအဖွဲ့အားလုံးက သူတို့ လုပ်တာမဟုတ်ကြောင်း ငြင်းဆိုထားကြပါတယ်။

3 weeks Ago

August 17, 2020

စစ်တွေမြို့က CB ဘဏ်ခွဲကို ၂ ရက် ယာယီပိတ်မည်

ကိုဗစ်-၁၉ လူနာဝန်ထမ်း  လုပ်ကိုင်ခဲ့တဲ့ စစ်တွေမြို့က ဘဏ်ခွဲကို ၂ ရက် ယာယီပိတ်မယ်လို့ စီဘီဘဏ်က ကြေညာပါတယ်။ သြဂုတ် ၁၆ ရက် ည ၈ နာရီ ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉  လူနာအမှတ်စဉ် ၃၇၅ ဟာ စီဘီဘဏ် စစ်တွေဘဏ်ခွဲက ဝန်ထမ်းအမျိုးသမီးတယောက်ဖြစ်ပြီး သြဂုတ် ၁၄ ရက်မှာ ရောဂါလက္ခဏာတွေ့ရပြီး ဆေးခန်းကိုသွားပြရာကနေ စစ်ဆေးရင်း ပိုးတွေ့ခဲ့တာပါ။ အဲဒီအမျိုးသမီးဟာ ကျောက်ဖြူမြို့ကိုလည်း သွားရောက်လည်ပတ်ခဲ့ပြီး လက်ရှိမှာတော့ စစ်တွေမြို့က စီဘီဘဏ် ဝန်ထမ်း ၂၇ ယောက်နဲ့ လူနာနေထိုင်တဲ့အိမ်ကလူ ၁၉ ယောက်တို့ကို အသွားအလာကန့်သတ်ထားပါတယ်။ စစ်တွေဘဏ်ခွဲက ဝန်ထမ်းအားလုံးကို ရောဂါပိုး ရှိ၊ မရှိ ဒီနေ့ အမြန်ဆုံးစစ်ဆေးမှာ ဖြစ်ပြီး ဘဏ်ကိုတော့ သြဂုတ် ၁၇ နဲ့ ၁၈ ရက်တို့မှာ ယာယီပိတ်ထားမယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ CB Bank Core Banking System နဲ့ စီဘီဘဏ်ခွဲအားလုံးမှာ စစ်တွေဘဏ်ခွဲကိုယ်စား ဝန်ဆောင်မှုပေးနေတယ်လို့လည်း ဆိုပါတယ်။ ရောဂါပိုးတွေ့ခဲ့ရတဲ့ ဝန်ထမ်းနဲ့ ဆေးစစ်ရမယ့် ဝန်ထမ်းအားလုံးကို ဘဏ်ကနေ အပြည့်အဝ ထောက်ပံ့ပေးမယ်လို့လည်း ဆိုပြီး ဘဏ်ခွဲ အဆောက်အဦနေရာ အားလုံး၊ ရုံးသုံးပစ္စည်းအားလုံးကို ညွှန်ကြားချက်တွေနဲ့အညီ စနစ်တကျ ပိုးသတ်ဆေးဖြန်းထားပါတယ်။
1 year Ago
Up