Case-151

A d v e r t i s e m e n t With Us

May 1, 2020

အင်းစိန်တွင် COVID-19 လူနာသစ် ၁ ဦးထပ်တွေ့၊ နိုင်ငံတဝန်း အတည်ပြုလူနာပေါင်း ၁၅၁ ဦးရှိ

အင်းစိန်ပြည်သူ့ဆေးရုံကြီးမှာ စောင့်ကြည့်လူနာအဖြစ်ထားရှိတဲ့ အမျိုးသမီးတဦးမှာ ဓာတ်ခွဲစမ်းသပ်စစ်ဆေးချက်အရ COVID-19 ရောဂါတွေ့ရှိရတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ၇ နာရီမှာ ထုတ်ပြန်ပါတယ်။ ရန်ကုန်တိုင်း အင်းစိန်မြို့နယ်မှာ နေထိုင်တဲ့ အသက် ၂၅ နှစ်အရွယ် လူနာသစ် အမျိုးသမီး (Case-151)ဟာ ပြည်ပကိုခရီးသွားခဲ့တာမရှိသလို အတည်ပြုလူနာတွေနဲ့လည်း ထိတွေ့ခဲ့တာမရှိဘူးလို့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အဆိုပါလူနာ အမျိုးသမီးကို တောင်ဥက္ကလာပ အထူးကုဆေးရုံသို့ ဆက်လက် လွှဲပြောင်းပို့ဆောင်ကုသပေးမှာဖြစ်ပြီး သူ့ရဲ့ မိသားစုဝင်တွေကိုလည်း  Quarantine ထားရှိဖို့ ရှိနေပါတယ်။ဒါ့အပြင်သူနေထိုင်တဲ့ အင်းစိန်မြို့နယ်၊ ကြို့ကုန်းအနောက်ရပ်ကွက်၊ ခဝဲခြံ ၂ လမ်းရှိ နေအိမ်နဲ့ လမ်းကိုလည်း  Lockdown  Down ချထားဖို့ရှိနေပါတယ်။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) က ဒီကနေ့မနက် ဓာတ်ခွဲနမူနာ ၂၀၈ ခုကို စစ်ဆေးပြီးစီးခဲ့ရာမှာ  COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် တဦး ထပ်မံတွေ့ရှိခဲ့တာဖြစ်ပါတယ်။ မေလ ၁ ရက် မနက် ၇ နာရီအထိ မြန်မာနိုင်ငံမှာ  COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၁၅၁ ဦးရှိပြီး  သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်သွားသူ ၂၈ ဦးနဲ့  ပြန်ကောင်းလာလို့ ဆေးရုံကဆင်းလာသူစုစုပေါင်း ၁၇ ဦးရှိသွားပြီလို့ ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။  Photo- MOHS
10 months Ago
Up