ရန်ကုန်တိုင်း ဒေါပုံမြို့နယ်ရှိ Capital Hypermarket က အစားအသောက်၊ ဆေးဝါး၊ အလှကုန်တွေကို အက်ဖ်ဒီအေက ရှောင်တခင်စစ်ဆေးခဲ့ပါတယ်။
ဇွန် ၇ ရက်နေ့က ခရိုင်အစားအသောက်နှင့် ဆးဝါးကွပ်ကဲရေးဦးစီးဌာန- ရန်ကုန်အရှေ့ပိုင်းဟာ မြို့နယ်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်တွေ၊ အဖွဲ့ဝင်တွေနဲ့အတူ ၀င်ရောက်စစ်ဆေးခဲ့ပါတယ်။
အစားအသောက်၊ ဆေးဝါးနဲ့ အလှကုန်တွေကို ရွေ့လျားဓါတ်ခွဲယာဉ်နဲ့ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ပြီး သံသယရှိဖွယ် အစားအသောက်တွေအား ဓာတ်ခွဲခန်းကို ပေးပို့ စစ်ဆေးခဲ့တယ်လို့ ရန်ကုန် အက်ဖ်ဒီအေက သတင်းထုတ်ပြန်ထားပါတယ်။
2 years Ago