တောင်သူတွေ စိုက်ပျိုးရေးနဲ့ ပတ်သတ်တဲ့ သတင်းအချက်အလက်တွေကို ဆက်သွယ်မေးမြန်း နိုင်မယ့် Call Center တခုကို လာမယ့် ၂၀၁၇ ဇန်န၀ါရီလမှာ စတင်ဖွင့် လှစ်ပေးသွားမယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက သတင်းရရှိပါတယ်။
တောင်သူတွေက သိလိုတဲ့စိုက်ပျိုးရေးနည်းပညာ အခက်အခဲတွေကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းနိုင်ပြီး အမေးအဖြေကဏ္ဍပုံစံ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ စိုက်ပျိုးရေးဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးအေးကိုကို ကပြောပါတယ်။
Call Center ကို နေပြည်တော်မှာ ဖွင့်လှစ်သွားမှာဖြစ်ပြီးတော့ ဆက်သွယ်နိုင်မယ့် အချိန်ဇယား တွေကိုတော့ မကြာခင် ထုတ်ပြန်ပေးသွားမယ်လို့ ဆိုပါတယ်။
သတင်း - AMIA
6 years Ago