Call Center

A d v e r t i s e m e n t With Us

April 9, 2020

COVID- 19 Call center ကို စတင်ခေါ်ဆိုမေးမြန်းနိုင်

ဧပြီ ၉ ရက် မနက် ၈ နာရီက စတင်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ COVID-19 Call center စတင် အသုံးပြုနေပြီလို့ သိရပါတယ်။  ကိုရိုနာဗိုင်းရပ်စ်ရောဂါနဲ့ ပတ်သက်ပြီး တစ်နိုင်ငံလုံးက ပြည်သူတွေသိချင်တဲ့ မေးခွန်းတွေကို Call center က ဖြေကြားပေးသွားမှာဖြစ်ပြီး နံပါတ် 2019 ကို  Free call အနေနဲ့ ခေါ်ဆိုမေးမြန်းနိုင်ပြီ ဖြစ်ပါတယ်။  ကိုရိုနာဗိုင်းရပ်ရောဂါဟာ ၂၀၁၉ ခုနှစ်မှာ စတင်ဖြစ်ပွားခဲ့တဲ့အတွက် Call Center နံပါတ်ကို 2019 အနေနဲ့ သတ်မှတ်ထားတာပါ။  ပြည်သူလူထုအနေနဲ့ Call center ကို ဖုန်းဆက်ပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါနဲ့ ပတ်သက်တဲ့ သိချင်တဲ့ သတင်းအချက်အလက်တွေ ရောဂါဆိုင်ရာလက္ခဏာတွေ၊ ရောဂါပိုးကူးစက် မခံရအောင် နေထိုင်လိုက်နာရမယ့် စည်းကမ်းချက်တွေနဲ့ ပတ်သက်ပြီး မေးမြန်းနိုင်သလို မိမိပတ်ဝန်းကျင်မှာ သံသယလူနာတွေ တွေ့ရှိရင်လည်း Call Centerကို ဆက်သွယ် အကြောင်းကြားနိုင်မှာ ဖြစ်ပါတယ်။
11 months Ago

March 30, 2020

COVID-19  Call Center ထူထောင်မည်

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝန်းမှာ ဖြစ်ပွားနေတဲ့ COVID-19 ကိုရိုနာဗိုင်းရပ်စ် ရောဂါနဲ့ပတ်သက်ပြီး တနိုင်ငံလုံးက ပြည်သူတွေသိချင်တဲ့ မေးခွန်းတွေကို ဖြေကြားပေးနိုင်ဖို့အတွက် Call Center ထူထောင်သွားမယ်လို့ ရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်ကပြောပါတယ်။ Call Center ထူထောင်ဖို့အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဆီကနေ နှုတ်အားဖြင့် ခွင့်ပြုချက်ရရှိထားပြီဖြစ်ပါတယ်။ Call Center  ထူထောင်ဖို့ကို Blue Ocean ကုမ္ပဏီ ကနေ ပံ့ပိုးပေးသွားမှာဖြစ်ပြီး တပတ်အတွင်း အကောင်အထည်ဖော်သွားဖို့ရှိပါတယ်။ COVID-19 ကပ်ရောဂါဟာ ၂၀၁၉ ခုနှစ်မှာစတင်ဖြစ်ပွားခဲ့တဲ့အတွက် Call Center နံပါတ်ကို ၂၀၁၉ အနေနဲ့ သတ်မှတ်ဖို့ လတ်တလောမှာ လျာထားပါတယ်။  ပြည်သူလူထုအနေ့နဲ့ Call Center ကို ဖုန်းဆက်ပြီး COVID-19 ကိုရိုနာဗိုင်းရပ်ရောဂါနဲ့ ပတ်သက်တဲ့ သိချင်တဲ့ သတင်းအချက်အလက်တွေ ရောဂါဆိုင်ရာလက္ခဏာတွေ ရောဂါပိုးကူးစက်မခံရအောင် နေထိုင်လိုက်နာရမယ့် စည်းကမ်းချက်တွေနဲ့ ပတ်သက်ပြီး မေးမြန်းနိုင်သလို မိမိပတ်ဝန်းကျင်မှာ သံသယလူနာတွေ တွေ့ရှိရင်လည်း Call Center ကို ဆက်သွယ်အကြောင်းကြားနိုင်မှာဖြစ်ပါတယ်။   မြန်မာနိုင်ငံမှာ မတ်လ ၂၉ ရက် ညပိုင်းအထိ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ ၁၀ ဦး၊ စောင့်ကြည်/သံသယလူနာပေါင်း ၄၇၅  ဦး ရှိနေပါတယ်။  ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၇၂၁၅၆၂ ဦး၊ သေဆုံးသူ ၃၃၉၆၅ ဦးနဲ့ သက်သာပျောက်ကင်းလာသူ ၁၅၁၁၂၈ ဦးရှိတယ်လို့ worldometers.info ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
11 months Ago
Up