ကမ္ဘာကျော် တောင်ကိုရီးယား K-Pop အဖွဲ့ BTS ဟာ ဒီဇင်ဘာ ၃၁ ရက် နှစ်သစ်ကူးညက အွန်လိုင်းကနေ ဖျော်ဖြေပွဲပြုလုပ်သွားပါတယ်။
နှစ်သစ်ကူးည ဖျော်ဖြေပွဲကို BTS ဟာ TXT နဲ့ GFRIEND တို့အပါအဝင် တခြား အ K-Pop အဖွဲ့တွေနဲ့အတူ လုပ်ခဲ့တာပါ။
ဆိုးလ်မြို့ရဲ့ အနောက်မြောက်ဘက် ဂိုယန်းအရပ်မှာလုပ်တဲ့ ဒီဖျော်ဖြေပွဲကို မူလက အွန်လိုင်းနဲ့ အော့ဖ်လိုင်း တပြိုင်နက် လွှင့်ဖို့ စီစဉ်ထားပေမဲ့ တောင်ကိုရိးယားမှာ ကိုဗစ်ကူးစက်မှု အသစ်တွေ တိုးလာတာမို့ ပရိသတ်လာကြည့်ခွင့်ကို ဖျက်သိမ်းခဲ့ပါတယ်။
ဒီအွန်လိုင်းဖျော်ဖြေပွဲနဲ့အတူ BTS ဟာ ဘီလ်ဘုတ် ဇယားမှာ နံပါတ် ၁ သုံးကြိမ်နဲ့ ဂရမ်မီဆုရတဲ့ ပထမဆုံး K-pop အဖွဲ့ဖြစ်လာပြီး ၂၀၂၀ စံချိန်တင်နှစ်တစ်နှစ်ကို ဖြတ်သန်းခဲ့ တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
2 months Ago