Bombshell

January 16, 2020

Fox ရုပ်သံဌာန လိင်အရှုပ်တော်ပုံဖြစ်ရပ်မှန် ‌ရုပ်ရှင်-Bombshell ( နမူနာ)

ထူးခြားတဲ့ တင်ဆက်ပုံတွေနဲ့ ရိုက်ကူးတင်ဆက်ထားတဲ့ ဖြစ်ရပ်မှန် Biographical Drama အမျိုးအစား ဟောလိဝုဒ်ရုပ်ရှင် - Bombshell ဟာ လတ်တလောမှာ အော်စကာ ဆန်ကာတင် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုစာရင်းမှာ ပါဝင်နေပါတယ်။ ဒီကားကိုတော့ အမေရိကန်ရုပ်ရှင်ဒါရိုက်တာ Jay Roach က ရိုက်ကူးပုံဖော်ပေး ထားတာဖြစ်ပြီး Lionsgate ရုပ်ရှင်ထုတ်လုပ်ရေးက ဖြန့်ချိပေးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ နာမည်ကျော် Fox News ရုပ်သံသတင်းဌာနရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရသည့် အမျိုးသမီးတွေရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံရိုက်ကူးထားခဲ့ တာပါ။ Fox News ကို ထူထောင်ခဲ့သူ Roger Ailes က လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေ ပြု လုပ်ခဲ့တယ်လို့ စွပ်စွဲခဲ့တဲ့ အမျိုးသမီးတွေအကြောင်း အခြေခံရိုက်ကူးထားတဲ့ ဒီဇာတ်ကား ထဲမှာတော့ နာမည်ကြီး ဟောလိဝုဒ်သရုပ်ဆောင်မင်းသမီးတွေ ဖြစ်ကြတဲ့ Charlize Theron ၊ Nicole Kidman ၊ Margot Robbie တို့က ခေါင်းဆောင်ပါဝင်ထားကြတာ ဖြစ် ပါတယ်။ Charlize Theron က ပင်တိုင်သတင်းတင်ဆက်သူ Megyn Kelly အဖြစ် သရုပ် ဆောင်ထားပြီးတော့ Nicole Kidman ကတော့ Fox News ရဲ့ အစီအစဉ်တင်ဆက်သူ ဟောင်း Gretchen Carlson အနေနဲ့ သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။ Roger Ailes ဟာ အဲဒီစွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပြီး ၂၀၁၇ ခုနှစ်၊ မေ ၁၈ ရက်နေ့မှာ ကွယ်လွန်သွားခဲ့ တာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ဒီအဖြစ်အပျက်တွေကို အခြေခံပြီး ဘယ်လိုစိတ်ဝင် စားစရာဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ပုံဖော်ထားမလဲဆိုတာတွေကို ရှုစားကြရမှာ ဖြစ်ပါ တယ်။ ဒီရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ တချို့ဇာတ်ဝင်ခန်းတွေ၊ လိင်ပိုင်းဆိုင် ရာ ပြကွင်းပြကွက်တွေနဲ့ ပြောစကား Dialog တွေက အသက် ၁၇ နှစ်အောက် ကလေး ငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။ ဘတ်ဂျတ်အမေရိကန်ဒေါ်လာ ၃၂ သန်းအကုန်အကျခံ ရိုက်ကူးထားတဲ့ ဒီရုပ်ရှင် ဟာ IMDb မှာတော့ Rating 6.7 အထိ ရရှိထားခဲ့ပါတယ်။ လတ်တလောမှာတော့ ဒီရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ သရုပ်ဆောင်မင်းသမီး Charlize Theron ဟာ အော်စကာဆု ဆန်ကာတင်စာရင်းမှာ ပါဝင်နေခဲ့တာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၁၀၈ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကိုတော့ နိုင်ငံတကာမှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ လ ၁၃ ရက်နေ့က ရုံတင်ပြသခဲ့တာ ဖြစ်ပါတယ်။
1 year Ago
Up