Bloodshot

March 6, 2020

ဗင်ဒီဇယ်လ် အမိုက်စားသရုပ်ဆောင်ထားသည့် စူပါဟီးရိုးရုပ်ရှင်-Bloodshot(နမူနာ)

ဟောလိဝုဒ်ဝါရင့်သရုပ်ဆောင်မင်းသား ဗင်ဒီဇယ်လ်ခေါင်းဆောင်ပါဝင်ထားတဲ့ စူပါဟီးရိုးရုပ်ရှင်-Bloodshot ကို လာမယ့်သီတင်းပတ်ထဲမှာ ရုံတင်ပြသသွားဖို့ ရှိနေပါတယ်။ ဒီကားကိုတော့ နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတခုဖြစ်တဲ့ Sony Pictures Releasing ကနေ ဖြန့်ချိပေးသွားမှာဖြစ်ပြီး ဒါရိုက်တာ David S. F. Wilson က ရိုက်ကူးပုံ ဖော်ပေးထားတာ ဖြစ်ပါတယ်။ စစ်သားတယောက်ဖြစ်တဲ့ Ray Garrison ဟာ ဇနီးဖြစ်သူနဲ့အတူ လုပ်ကြံသတ် ဖြတ်ခံခဲ့ရပြီးနောက်မှာ သူ့ကို သိပ္ပံပညာရှင်တစုက Nano Technology အသုံးပြုပြီးတော့ Super Human တယောက်၊ Super Soldier တယောက်ဖြစ်အောင် ဖန်တီးပေးခဲ့ကြပါတယ်။  အဲဒီနောက် Bloodshot အမည်နဲ့ စွမ်းအားသစ်တွေ ပိုင်ဆိုင်လာခဲ့ပြီးချိန်မှာတော့ ဘာတွေဆက်ဖြစ်လာမလဲ၊ နောက်ပြီးတော့ သူ့ရဲ့ မှတ်ဉာဏ်တွေဟာ ပျောက်ဆုံးနေခဲ့တဲ့အတွက် ဒါကို တိုက်ထုတ်ဖို့၊ သူ့မိသားစုအတွက် လက်စားချေဖို့ရော ဖြစ်နိုင်ပါ့မလား၊ အဲဒီမှတ်ဉာဏ်တွေကရော အစစ်အမှန်ပဲလား၊ တကယ်လက်စားချေတာရော ဟုတ်ရဲ့လား၊ အဖွဲ့အစည်းတခုက သူ့ကို အသုံးချနေခဲ့တာလား၊ ဒါတွေကို စိတ်ဝင်စားစရာ အပစ်အခတ် စွန့်စားမှုအက်ရှင်ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ဗင်ဒီဇယ်လ်နဲ့အတူ တခြားဟောလိဝုဒ်သရုပ်ဆောင်မင်းသား မင်းသမီးတွေ ဖြစ်ကြတဲ့ Eiza González ၊ Sam Heughan ၊ Toby Kebbell ၊ Guy Pearce စတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်ထားကြပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ တချို့ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေနဲ့ ပြောစကား Dialog တွေက အသက်  ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။ ကြာမြင့်ချိန် ၁၀၉ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကိုတော့ ဘတ်ဂျတ်အမေရိကန်ဒေါ်လာ ၄၂ သန်း အကုန်အကျခံ ရိုက်ကူးထားတာပါ။ ဒီရုပ်ရှင်ကား Trailer ဟာ ထွက်ရှိလာချိန်ကတည်းက ပရိသတ်တွေကြားမှာ ရေ ပန်းစားနေခဲ့တာဖြစ်ပြီး ယူကျုဘ်ပေါ်မှာတော့ လတ်တလောအချိန်ထိ ဝင်ရောက်ကြည့်ရှုသူ သန်းနဲ့ချီ ရှိနေပါတယ်။ ဒီကားကိုတော့ လာမယ့် မတ် ၁၃ ရက်နေ့ စတင်ပြီး ရုံတင်ပြသတော့မယ်လို့ ကြေညာထားပါတယ်။
2 years Ago
Up