BCF ဇုန်

July 5, 2020

မြဝတီမြို့ BCF ဇုန်တွင် ထိုင်းကပြန်လာသည့် အလုပ်သမားတဦး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်

မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ် ၂  မြန်မာဘက်ခြမ်း မြဝတီမြို့ BCF ဇုန်မှာ ထိုင်းနိုင်ငံကနေ ပြန်လည်ဝင်ရောက်လာတဲ့ မြန်မာအလုပ်သမားတဦး ဇူလိုင် ၄ ရက်နေ့ မွန်းလွဲပိုင်းက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှု ဖြစ်ခဲ့ပါတယ်။ လှိုင်းဘွဲမြို့နယ် အင်းနို့ကျေးရွာနေ နေရပ်ပြန်ရွှေ့ပြောင်းအလုပ်သမား စောဌေးစန်း (၂၆-နှစ်)ဟာ ကျန်းမာရေးဌာနရဲ့ စစ်ဆေးမှုတွေနဲ့ လ.ဝ.က တာဝန်ရှိသူတွေဆီ အမည်စာရင်းများ ပေးသွင်းပြီးနောက် ဌာနတွေနဲ့ ကိုက် ၁ဝဝ လောက်ဝေးတဲ့ လက်ဆေးစင်များအနီးမှာ အသင့်ပါရှိလာသော ၄ လက်မအရွယ် မောင်းချဓားနဲ့ ကိုယ့်လည်ပင်းကိုယ် လှီးဖြတ်လိုက်ခဲ့တာကြောင့် လေပြွန်ပေါက်ပွင့်ပြီး သွေးထွက်လွန် သေဆုံးခဲ့တာလို့ မျက်မြင်တွေ့ရှိသူ ကိုညီနိုင်က ပြောပါတယ်။ စောဌေးစန်းရဲ့ ရုပ်အလောင်းကို တာဝန်ရှိသူတွေက လူမှုကယ်ဆယ်ရေးကားနဲ့ မြဝတီခရိုင်ပြည်သူ့ဆေးရုံ ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။
10 months Ago
Up