Bamboo Airways

January 17, 2019

ဗီယက်နမ် Bamboo Airways စတင်ပြေးဆွဲ

ဗီယက်နမ်နိုင်ငံရဲ့ ပဉ္စမမြောက်လေကြောင်းလိုင်း Bamboo Airways ဟာ ဇန်န၀ါရီ ၁၆ ရက်နေ့က ပထမဆုံးလေကြောင်း ခရီးစဉ်ကို စတင်ပြေးဆွဲခဲ့ပါတယ်။ FLC Group ကပိုင်ဆိုင်တဲ့ Bamboo Airways ဟာ စတင်တဲ့နေ့မှာ ပြည်တွင်းခရီးစဉ် ၈ ခု ပြေးဆွဲတာပါ။ ဦးဆုံးပြေးဆွဲတဲ့ လေယာဉ်ဟာ ခရီးသည် ၁၈၀ နဲ့ လေယာဉ်အမှုထမ်း ၅ ဦးကို တင်ဆောင်ပြီး ဟိုချီမင်းမြို့ကနေ စတင်ထွက်ခွာပြီး ဟနွိုင်းမြို့ နွိုင်ဘိုင် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို မနက် ၈ နာရီခွဲမှာ ဆင်းသက်ခဲ့ပါတယ်။ Bamboo Airways ရဲ့ အခုခရီးစဉ် ပြေးဆွဲမှုကြောင့် ဗီယက်နမ်နိုင်ငံရဲ့ လေကြောင်း ကဏ္ဍမှာ ယှဉ်ပြိုင်မှု ကြီးထွားလာစေပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လက Bamboo Airways ဟာ အမေရိကန်ဒေါ်လာ ၅.၆ ဘီလျံ တန်ဖိုးရှိတဲ့ ဘိုးရင်း 787- 789 လေယာဉ် အစီး ၂၀ ၀ယ်ယူဖို့ ယာယီသဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒါ့အပြင် A320 အမျိုးအစား အဲဘတ်စ်လေယာဉ် ၂၄ စီးအထိ ၀ယ်ယူဖို့ နားလည်မှု စာချွန်လွှာ လက်မှတ်ထိုးခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံရဲ့ တခြားပြည်တွင်း လေကြောင်းကုမ္ပဏီတွေကတော့ Vietnam Airlines၊ Jetstar Pacific Airlines၊ Vietjet Aviation နဲ့ Vietnam Air Services Co. တို့ ဖြစ်ပါတယ်။
2 years Ago
Up