Ballon d’Or ဆု

October 19, 2021

ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံးဆုကို ဆာလက်ရရှိသင့်ကြောင်း ယာဂန်ကလော့ပ် သုံးသပ်

ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ချီးမြှင့်မယ့် ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံးဆုကို ဆာလက်ကသာ ရရှိသင့်တယ်လို့ နည်းပြ ယာဂန်ကလော့ပ်က ပြောပါတယ်။ 

လက်ရှိဘောလုံးရာသီမှာ ၁ဝ ပွဲကစား ၁ဝ ဂိုး သွင်းယူထားတဲ့ ဆာလက်ဟာ မနှစ်ကလည်း စုစုပေါင်း ၅၁ ပွဲမှာ ၃၁ ဂိုးအထိ သွင်းယူပြီး ခြေစွမ်းပြခဲ့ပါတယ်။ 

ဒါပေမဲ့လည်း ပရီးမီးယားလိဂ်မှာ အဆင့် ၃ သာရရှိခဲ့ပြီး ချန်ပီယံလိဂ်ဆုဖလားလည်း မရရှိခဲ့တာကြောင့် ဘလွန်းဒီအောဆုအတွက် ဆုံးဖြတ်တဲ့နေရာမှာ ဆာလက်က အားနည်းချက်ရှိနေတာပါ။ 

နည်းပြကလော့ပ်ကတော့ ဘလွန်းဒီအော ရွှေဘောလုံးဆုအတွက် ဘယ်လိုအချက်တွေကို အဓိက ထားသလဲဆိုတာ မသိပေမယ့် ခြေစွမ်းအရ ဆုံးဖြတ်ရင်တော့ ဆာလက်က ရရှိသင့်တယ်လို့ မှတ်ချက်ပေးခဲ့တာပါ။ 

ဆာလက်ဟာ လာမယ့်နိုဝင်ဘာ ၂၉ ရက်နေ့ ချီးမြှင့်မယ့် ဘလွန်းဒီအော ရွှေဘောလုံးဆုအတွက် ဆန်ကာတင်စာရင်းမှာ ပါဝင်နေပါတယ်။ 

ရေပန်းစားမှုအရတော့ ချန်ပီယံလိဂ်နဲ့ ယူရိုချန်ပီယံဆုဖလားတွေ ရယူနိုင်ခဲ့တဲ့ ယော်ဂင်ညိုနဲ့ ကိုပါအမေရိကဖလားရရှိခဲ့တဲ့ မက်ဆီ တို့ ရှိနေပါတယ်။

1 year Ago

December 6, 2019

မာနေးအတွက် စိတ်မကောင်းဟု မက်ဆီပြော

ကျင်းပပြီးစီးခဲ့တဲ့ Ballon d’Or ဆုရစာရင်းမှာ လီဗာပူးလ်တိုက်စစ်မှူး ဆာဒီယိုမာနေးလ် တယောက် အဆင့်လေးနေရာမှာပဲ ရှိနေတာက မဖြစ်သင့်တဲ့ ရှက်ဖွယ်ဖြစ်ရပ်တခုဖြစ်တယ်လို့ လီယွန်နယ်မက်ဆီက  ပြောဆိုလိုက်ပါတယ်။  ဒီဆုပေးပွဲမှာ မက်ဆီဟာ သူ့ကစားသမားဘဝရဲ့ ခြောက်ကြိမ်မြောက် Ballon d’Or ဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး ဆီနီဂေါလက်ရွေးစင်မာနေးလ်ကတော့ မက်ဆီ၊ ဗန်ဒိုက်နဲ့ ရော်နယ်ဒိုတို့ရဲ့နောက် နံပါတ်လေး နေရာမှာပဲရှိခဲ့ပါတယ်။ ဒီဆုအတွက် မဲပေးရွေးချယ်မှုမှာ မက်ဆီက မာနေးကို မဲပေးခဲ့တာဖြစ်ပြီး ပြီးပြည့်စုံတဲ့ ဘောလုံးရာသီတခုကို ပိုင်ဆိုင်နိုင်ခဲ့ပေမယ့် ဖီဖာအကောင်းဆုံးဆုစာရင်းရဲ့ ထိပ်ဆုံးသုံးဦးစာရင်းမှာ မပါဝင်ခဲ့တာ မာနေးအတွက် ကံမကောင်းဘူးလို့ မက်ဆီက ယူဆနေပါတယ်။     “မာနေးက အဆင့်လေးနေရာမှာပဲ ရှိနေခဲ့တာက တကယ်တော့ ရှက်စရာပါပဲ။ ဒါပေမယ့် ဒီနှစ်ဆုပေးပွဲမှာ ပြီးပြည့်စုံတဲ့ ကစားသမားကောင်းတွေ အများကြီးပါဝင်နေတာကိုတော့ သတိပြုရ မှာပေါ့။ ဒီအချက်ကြောင့်ပဲ တကယ်ကောင်းတဲ့ကစားသမားတဦးကို ရွေးချယ်ဖို့ ခက်ခဲခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်ကတော့ မာနေးကိုမဲပေးခဲ့ပါတယ်။ သူဟာ ကျနော် နှစ်သက်တဲ့ ကစားသမားမျိုးပါပဲ” လို့ အာဂျင်တီးနားအသင်းခေါင်းဆောင်က Canal+ သတင်းကို ပြောဆိုခဲ့ပါတယ်။  ပြီးခဲ့တဲ့နှစ်မှာ အောင်မြင်မှုတွေရရှိခဲ့တဲ့ လီဗာပူးလ်အသင်းအတွက် မာနေးဟာ အဓိကနေရာကနေ ပါဝင်ခဲ့ပါတယ်။  “ဒါ့ကြောင့်လည်း ကျနော်သူ့ကိ‌ေ အကောင်းဆုံးကစားသမားအဖြစ်ရွေးချယ်မဲပေးခဲ့တာပါ။     ဒါပေမဲ့ ကျနော်ပြောခဲ့သလိုပါပဲ။ ဒီနှစ်အတွက် ဆုပေးပွဲမှာ ကစားသမားကောင်းတွေ အများကြီး ရှိနေခဲ့တာကြောင့် ရွေးချယ်ရေးမှာ အခက်အခဲရှိခဲ့တာပါ” လို့ မက်ဆီက ဆက်လက်ပြောဆိုသွား ခဲ့ပါတယ်။  ပုံစံကောင်းတွေပြသနေတဲ့ မာနေးဟာ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ဗိုလ်ဆွဲခဲ့တဲ့ လီဗာပူးလ် အသင်းအတွက် အဓိကနေရာက ပါဝင်ခဲ့ပြီး အခုရာသီပရီးမီးယားအမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ လီဗာပူးလ်းအသင်းအတွက်လည်း မရှိမဖြစ် ကစားသမားတဦးအဖြစ် အသုံးတော်ခံနေပါတယ်။
3 years Ago
Up