ကမ္ဘာ့ဖလား ၂၀၂၂ ခြေစစ်ပွဲမှာ တာဂျစ်စတန်အသင်းအား အနိုင်ရရှိခဲ့တဲ့ မြန်မာလက်ရွေးစင်အမျိုးသားအသင်းကို AYA Bank က ကျပ်သိန်း ၇၀၀ ဂုဏ်ပြုချီးမြှင့်ခဲ့တယ်လို့ မြန်မာဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။
ကမ္ဘာ့ဖလား ၂၀၂၂ ခြေစစ်ပွဲကို မနေ့ညနေပိုင်းက မန္တလာသီရိကွင်းမှာ ကျင်းပခဲ့ပြီး မြန်မာအသင်းက တာဂျစ်စတန်အသင်းကို ၄-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။
မြန်မာအသင်းဟာ တာဂျစ်စတန်အသင်းကို အကောင်းဆုံး စိတ်ဓာတ်စုစည်းမှုနဲ့ ယှဉ်ပြိုင် ကစားနိုင်ခဲ့တာကြောင့် AYA Bank က ဂုဏ်ပြုချီးမြှင့်ခဲ့တာလို့ ဆိုပါတယ်။
မြန်မာအသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စု (ခ) မှာ မွန်ဂိုလီးယားကို ၁ ဂိုး ဂိုးမရှိ၊ ကာဂျစ္စတန်ကို ၇ ဂိုး ဂိုးမရှိ၊ ဂျပန်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ သုံးပွဲဆက် ရှုံးနိမ့်ထားပြီး အခုပွဲက ပထမဆုံးနိုင်ပွဲဖြစ်ပါတယ်။
၂၀၂၂ ကမ္ဘာ့ဖလား ဒုတိယအဆင့် ခြေစစ်ပွဲ အုပ်စု(စ)မှာ ဂျပန်၊ ကာဂျစ်စတန်၊ တာဂျစ်ကစ္စတန်၊ မြန်မာ နဲ့ မွန်ဂိုလီးယားအသင်းတို့ ပါဝင်ပြီး ဒီပွဲအနိုင်ကြောင့် မြန်မာအသင်းက ၃ မှတ်ရခဲ့ပေမယ့် မွန်ဂိုလီးယားအသင်းက ဂိုးကွာခြားချက်အသာရနေလို့ အုပ်စုအောက်ဆုံးမှာ ဆက်လက်ရပ်တည်နေဆဲဖြစ်ပါတယ်။
မြန်မာအသင်းဟာ လာမယ့် နိုဝင်ဘာ ၁၉ ရက်မှာတော့ မွန်ဂိုလီးယားအသင်းနဲ့ မန္တလေးမြို့မှာ ယှဉ်ပြိုင်ကစားရမှာပါ။
3 years Ago