နေတိုးအဖွဲ့ရဲ့ AWACS ကင်းထောက်လေယာဉ်တွေကို အဆင့်မြှင့်ဖို့ ဘိုးရင်းကုမ္ပဏီကို နိုဝင်ဘာ ၂၇ ရက်က အမေရိကန်ဒေါ်လာ ၁ ဘီလီယံ တန်ဖိုးရှိတဲ့ ကန်ထရိုက်ပေးလိုက်ပါတယ်။
ဘိုးရင်းလုပ် ကင်းထောက်လေယာဉ်တွေကို ၁၉၈၂ ခုနှစ်မှာ ပထမဆုံး ပျံသန်းခဲ့ပြီး အကြိမ်ကြိမ် အဆင့်မြှင့်တင်ခဲ့ပါတယ်။
အဲဒီကင်းထောက်လေယာဉ်တွေဟာ နေတိုးနယ်နိမိတ်ကိုကျော်ပြီး အန္တရာယ်ရှိ လေယာဉ်၊ ဒုံးကျည်၊ သင်္ဘောနဲ့တခြားလက်နက်ကြီးတွေ ရှိနေတာကို ထောက်လှမ်းသိရှိနိုင်ပါတယ်။
အခု အဲဒီကင်းထောက်လေယာဉ်တွေကို ပိုအားကောင်းတဲ့ ကွန်ပျူတာ ပရိုဆက်ဆာတွေ၊ ဆာဗာတွေ၊ ပစ္စည်းကိရိယာတွေနဲ့ မွမ်းမံ ပြင်ဆင်သွားမှာပါ။
ကင်းထောက်လေယာဉ်တွေကို အဆင့်မြှင့်တင်လိုက်တာကြောင့် အနောက်မဟာမိတ်အုပ်စု ပိုင်ဆိုင် အသုံးပြုနေတဲ့ စစ်ဘက်ပစ္စည်းတချို့ကို ၂၀၃၅ ခုနှစ်အထိ ဆက်သုံးနိုင်မှာပါ။
ဒီလိုအဆင့် မြှင့်တင်တဲ့ ကုန်ကျစရိတ်ကို နေတိုးအဖွဲ့ဝင် ၁၆ နိုင်ငံက ရန်ပုံငွေထောက်ပံ့မှာ ဖြစ်ပြီး တချို့လုပ်ငန်းတွေကို လီယိုနာဒိုနဲ့ အဲဘတ်စ်အပါအဝင် တခြားဥရောပလေယာဉ်ကုမ္ပဏီတွေကို တဆင့်ခံ ကန်ထရိုက်ပေးသွားမယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
3 years Ago