Astra Zeneca

June 28, 2020

ကိုဗစ်-၁၉ ဆေးထုတ်ရန် ဘရာဇီးအစိုးရနှင့် Astra Zeneca ဆေးကုမ္ပဏီ လက်မှတ်ထိုး

ဘရာဇီးအစိုးရဟာ ကိုဗစ်-၁၉ ကူးစက်ရောဂါတိုက်ဖျက်ရေးဆေးတမျိုးကို ပြည်တွင်းမှာ ထုတ်လုပ်ဖို့ Astra Zeneca ဆေးကုမ္ပဏီနဲ့ ဒေါ်လာ ၁၂၇ သန်းတန်စာချုပ်တခုကို လက်မှတ် ရေးထိုးလိုက်ပြီလို့ ဇွန်လ ၂၇ ရက်မှာ ကြေညာခဲ့ပါတယ်။   Astra Zeneca ကာကွယ်ဆေးဟာ လက်ရှိမှာ ကမ္ဘာ့ထိပ်တန်းဆေးတမျိုးဖြစ်ပြီး ကိုဗစ်-၁၉ တိုက်ဖျက်ရေးမှာ တရားဝင်ဆေးဖြစ်လာနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကလည်း ဆိုထားပါတယ်။  ဗြိတိသျှဆေးကုမ္ပဏီ  Astra Zeneca ကိုဗစ်-၁၉ ကာကွယ်ဆေးကို လူသားတွေနဲ့ စမ်းသပ်စစ်ဆေးမှု အများအပြား လုပ်ဆောင်ထားပြီး  ဆေးကို အောက်စဖို့ဒ်တက္ကသိုလ်က သုတေသီတွေက တီထွင်ထားတာပါ။  ဘရာဇီးပြည်သူ့ကျန်းမာရေးတာဝန်ရှိသူ အယ်စီယိုဖရန်ကိုကတော့ လာမယ့် ဒီဇင်ဘာလ လယ်နဲ့ဇန်နဝါရီလလယ်အထိ တလအတွင်း ဆေးသန်း သုံးဆယ် စတင်ထုတ်လုပ်မယ်လို့ သတင်း စာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ 
11 months Ago
Up