Asia’s Got Talent မှာ

December 18, 2017

Asia’s Got Talent မှာ ပရိတ်သတ်ကို ဖမ်းစားနိုင်ခဲ့သည့် အသံတုဝိဇ္ဇာ ဒီဂျေသမားလေး(ရုပ်သံ)

အခုနှစ်ရဲ့ 2017 Asia’s Got Talent အနုပညာစွမ်းရည်ပြပြိုင်ပွဲဟာ ခါတိုင်းနဲ့မတူ တမူထူးခြားမှုတွေနဲ့ ဆန်းသစ်ခဲ့ပါတယ်။ ဒီပြိုင်ပွဲကို အာရှဒေသတွင်းမှ ရွက်ပုန်းသီးအနုပညာရှင်တွေများစွာ လာရောက် ယှဉ်ပြိုင်ကြတာမို့ သူတို့ရဲ့ စွမ်းရည်တွေဟာလည်း မတူကွဲပြားမှုတွေနဲ့ ရှိနေခဲ့တာပါ။ အခုဖော်ပြမယ့်သူကတော့ ဒီဂျေတီးခတ်မှုကို အသံတုနဲ့ စွမ်းရည်ပြဖျော်ဖြေခဲ့တဲ့ အသံတုဝိဇ္ဇာအနုပညာရှင်တဦး ဖြစ်ပါတယ်။ နေးလ်ရေးဂါဆီယာလန်းနက်စ်ဟာ ဒီပြိုင်ပွဲကို ဖိလစ်ပိုင်နိုင်ငံမှ ၀င်ရောက်ယှဉ် ပြိုင်ခဲ့သူတဦးဖြစ်ပြီး နောက်ဆုံး ဆန်ကာတင်အဆင့် ၉ ဦးစာရင်းဝင်ခဲ့တာပါ။ ဒိုင်တွေနဲ့ ပရိတ်သတ်တွေကို ဖမ်းစားနိုင်ခဲ့တဲ့ အဓိက စွမ်းရည်ကတော့ ဘာတူရိ ယာအကူအညီမှ မပါပဲနဲ့ ဒီဂျေဂီတဖျော်ဖြေမှုကို အသံတုနဲ့ ဖျော်ဖြေနိုင်ခဲ့တာပါပဲ။ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ သူ့ရဲ့ အံ့ဖွယ် အသံတုပြုလုပ်ချက်တွေနဲ့ သီချင်းပုံစံ ၁၀ ပုဒ်ကို ဖျော်ဖြေသွားခဲ့တာတွေကို တွေ့မြင်ရှုစားကြရမှာ ဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ ၁ သိန်း ဆုကြေးငွေချီးမြှင့်တဲ့ ပြိုင်ပွဲရဲ့ အကောင်းဆုံးဆုကို တော့ သူက မရရှိခဲ့ပါဘူး။ ပြိုင်ပွဲမှာ အနိုင်ရရှိသွားသူကတော့ အင်ဒိုနီးရှားနိုင်ငံသူ ရီယာနာဖြစ်ပြီး သူကတော့ ပြိုင်ပွဲတလျှောက်လုံးမှာ အံ့သြထိတ်လန့်စရာကောင်းတဲ့ သရဲတစ္ဆေတကောင်လို ပုံစံမျိုးနဲ့ ထူးထူးခြားခြား တင်ဆက်ခဲ့တာ ဖြစ်ပါတယ်။
3 years Ago
Up