ASER ကုမ္ပဏီ

June 23, 2018

ASER ကုမ္ပဏီ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို ၉ နှစ် ရုပ်သံထုတ်လွှင့်ခွင့် ရရှိ

အင်္ဂလန်ပထမတန်း ချန်ပီယံရှစ်ကလပ် လိဒ်ယူနိုက်တက် ဘောလုံးအသင်းပိုင်ရှင် ပိုင်ဆိုင်တဲ့ မီဒီယာကုမ္ပဏီတခုဖြစ်တဲ့ ASER ကုမ္ပဏီက မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွေကို ၉ နှစ် ရုပ်သံထုတ်လွှင့်ခွင့် ရရှိသွားပါတယ်။ သူတို့ပိုင်ဆိုင်တဲ့ My Sport ရုပ်သံလိုင်းကနေ ထုတ်လွှင့်သွားမယ်လို့ ကုမ္ပဏီက သတင်းထုတ်ပြန်ထားပါတယ်။ တိုက်ရိုက်ရုပ်သံထုတ်လွှင့်ခွင့်ကို ၂၀၁၉ ခုနှစ်ကစတင်သွားမှာဖြစ်ပြီး ဇွန် ၂၃ ရက်နေ့မှာ ယှဉ်ပြိုင်မယ့် ရှမ်းယူနိုက်တက်နဲ့ ရန်ကုန်ယူနိုက်တက် အသင်းတို့ပွဲစဉ်ကို My Sport Facebook ကနေ ထုတ်လွှင့်သွားမယ်လို့လည်း သိရပါတယ်။ My Sport က ရရှိထားတဲ့ ရုပ်သံထုတ်လွှင့်မှုတွေကို အခြားအခမဲ့ ရုပ်သံလိုင်းတွေမှာ ပြသနိုင်ဖို့ကိုလည်း ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
3 years Ago
Up