ARSA အကြမ်းဖက်သမားများ စစ်တကောင်းဆေးရုံတွင် ဆေးဝါးကုသမှုခံယူနေ

September 6, 2017

ARSA အကြမ်းဖက်သမားများ စစ်တကောင်းဆေးရုံတွင် ဆေးဝါးကုသမှုခံယူနေ

  ဒဏ်ရာရရှိထားတဲ့ ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ စစ်တကောင်း ဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။ ရခိုင်ပြည်နယ် မြောက်ခြမ်းမှာ ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားတွေရဲ့ ရဲကင်း စခန်းတွေ၊ တပ်ဌာနချုပ်တွေကို အကြမ်းဖက် တိုက်ခိုက်စဉ် သေနတ်ဒဏ်ရာ ရရှိထားတဲ့ ဘင်္ဂါလီ ၈ ဦးနဲ့ အခြားထိခိုက်ဒဏ်ရာ ရရှိထားတဲ့ ဘင်္ဂါလီ ၃၃ ဦးတိုဟာ သြဂုတ် ၃၁ ရက်နေ့က တဖက်နိုင်ငံ၊ အူခီးယားမြို့နယ် ရဲတပ်ဖွဲ့မှ စစ်တကောင်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ ဒဏ်ရာရရှိထား သူတွေကို ဆေးကုသပေးခဲ့ပြီး လုံလောက်တဲ့ အစောင့်အရှောက်နဲ့ ကူတူပါလောင် ဒုက္ခသည် စခန်းသို့ ပို့ဆောင်ပေးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
4 years Ago
Up