AR-T

August 18, 2020

ပရိသတ်ရွေးချယ်သည့် JOOX 2020 Half Year Award ဖြိုးမြတ်အောင်၊ ချမ်းမြေ့မောင်ချိုနှင့် Ar-T တို့ ဆု ၂ ဆုစီရရှိ

       အွန်လိုင်းဂီတပလက်ဖောင်းတခုဖြစ်တဲ့ Joox Myanmar မှာ ပရိသတ်တွေ မဲပေး ရွေးချယ်တဲ့ JOOX 2020 Half Year Award ဆုမှာ အဆိုတော် ဖြိုးမြတ်အောင်၊ ချမ်းမြေ့ မောင်ချိုနဲ့ Ar-T တို့က ရေပန်းစားသီချင်းနဲ့ အနုပညာရှင်ဆု ၂ ခုလုံးမှာ ပါဝင်ရွေးချယ်ခံခဲ့ ရပါတယ်။       ၂၀၂၀ ပြည့်နှစ် နှစ်ဝက်ကာလအတွင်း ရေပန်းစားခဲ့တဲ့ အနုပညာရှင်တွေနဲ့ သီချင်းတွေကို ရွေးချယ်ပေးအပ်မယ့် ဒီဆုအတွက်ကိုတော့ ပြီးခဲ့တဲ့ ဩဂုတ်လ ၃ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ ပရိသတ်တွေကို မဲပေးရွေးချယ်စေခဲ့တာ ဖြစ်ပါတယ်။        လက်ရှိမှာတော့ နှစ်ဝက်ကာလ ရေပန်းအစားဆုံး အနုပညာရှင် ၅ ယောက်အဖြစ် ဖြိုးမြတ်အောင်၊ ချမ်းမြေ့မောင်ချို၊ Ar-T တို့နဲ့အတူ ဘင်ဂျမင်ဆုန်း၊ စိုင်းစိုင်းခမ်းလှိုင်တို့ကို ရွေးချယ်ခဲ့ကြတာ ဖြစ်ပါတယ်။ ရေပန်းအစားဆုံးသီချင်း ၅ ပုဒ်ဆုမှာတော့ ဖြိုးမြတ်အောင်ရဲ့ ဒုတိယဘုရားသခင်၊ ချမ်းမြေ့မောင်ချိုရဲ့ Loser ၊ Ar-T ရဲ့ အိပ်မက်လေးသီချင်းတွေနဲ့အတူ  ဖြူဖြူကျော်သိန်းရဲ့ ထွက်သွားပါတော့၊ အိမ့်ချစ်ရဲ့ နည်းနည်းလေးချစ်ပေးပါ သီချင်းတွေကို ပရိသတ်တွေက ရွေးချယ်ခဲ့ကြတာ ဖြစ်ပါတယ်။ အခုရွေးချယ်ခံရတဲ့ အနုပညာရှင်၊ သီချင်းတွေအနေနဲ့ ၂၀၂၀ ပြည့်နှစ် တနှစ်တာအ တွက် ရွေးချယ်ချီးမြှင့်မယ့် JOOX Myanmar Music Award 2020 ဆုရဲ့ ဆန်ကာတင် Nominee List ထဲမှာ ပါဝင်ခွင့်ရမှာဖြစ်တယ်လို့ သူတို့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာ ဖော်ပြထားခဲ့တာပါ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ကျင်းပခဲ့တဲ့ ၂၀၁၉ ခုနှစ် တနှစ်တာ Joox 2019 Top Ten Artists of The Year Awards ဆုတွေကိုတော့ ဂီတအနုပညာရှင်တွေဖြစ်ကြတဲ့ Big Bag ၊ စိုင်းစိုင်းခမ်းလှိုင်၊ ရွှေထူး၊ နီနီခင်ဇော်၊ Ar-T ဝိုင်းစုခိုင်သိန်း၊ ဘန်နီဖြိုး၊ X-Box ၊ အိုင်ရင်းဇင်မာမြင့်နဲ့ Eternal Gosh တေးဂီတအဖွဲ့တွေက အသီးသီး ဆွတ်ခူးရရှိသွားခဲ့ကြတာ ဖြစ်ပါတယ်။
8 months Ago

January 23, 2020

ဝတ်မှုန်ရွှေရည်ပါဝင်သရုပ်ဆောင်ထားသည့် AR-T သီချင်း-‘နင်ငါ့ကိုမချစ်ဘူး’(ရုပ်သံ)

“ဝင်လာတဲ့ဒီအကြောင်းတွေများစွာ… ခေါင်းပေါ်ရွက်ထားတယ်… အလိမ်အညာနဲ့ မုသားတွေများစွာ ငါ့ရင်ဘတ်ထဲထည့်… ရင်နာစရာ စာရွက်ကလေးနဲ့” ဒါကတော့ အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ် ရေပန်းစားနေတဲ့ ‘နင်ငါ့ ကိုမချစ်ဘူး’သီချင်းထဲက တေးသွားစာသားတွေ ဖြစ်ပါတယ်။ ပရိသတ်အချစ်တော်အဆိုတော် AR-T သီဆိုထားတဲ့ ဒီသီချင်းကိုတော့ နာမည်ကြီး တေးရေးဆရာ ဝေကြီးက ရေးစပ်ပေးထားခဲ့တာ ဖြစ်ပါတယ်။ “လူမမြင်ရအောင် လွမ်းတဲ့အကြောင်းတွေ မျိုးစုံထည့်ထားတယ်… အဖြူရောင် စက္ကူစပေါ် တံဆိပ်တွေ မျိုးစုံကပ်ထားတယ်… ဒဏ်ရာတွေ ယူလာခဲ့တယ်… ငါမသိ ဘူး… မင်းရက်စက်မှာကို… ငါမထင်ဘူး… မင်းထားခဲ့မှာကို... ဟူး… ငါ့ကိုမချစ်ဘူး… မင်းအသစ်တွေ့တဲ့အခါ… မေ့ပစ်လိုက်စမ်းပါ… လှည့်တောင်မကြည့်ဘူး… စွန့်ပစ်လိုက် စမ်းပါ… ဟိုး အတိတ်က မင်းရဲ့ အနားမှာ ရှိနေခဲ့သောငါ” သရုပ်ဖော်ဇာတ်လမ်းတပုဒ်အနေနဲ့ ပုံဖော်ရိုက်ကူးထားတဲ့ ဒီသီချင်းကိုတော့ Two Guys in Town က ရိုက်ကူးပုံဖော်ပေးထားတာဖြစ်ပြီး သရုပ်ဆောင်မင်းသမီး ဝတ်မှုန်ရွှေ ရည်၊ Willy တို့နဲ့အတူ အဆိုတော် AR-T ကလည်း ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားခဲ့ တာ ဖြစ်ပါတယ်။ ဒီသီချင်းဟာ ရုပ်သံဗွီဒီယိုအနေနဲ့ ထွက်မလာခင်ကတည်းက ပရိသတ်တွေကြား မှာရော ပရိသတ်တွေကြားမှာပါ ‘နင်ငါ့ ကိုမချစ်ဘူး’ဆိုတဲ့ စာသားနဲ့အတူ နာမည်ကြီး နေခဲ့တာ ဖြစ်ပါတယ်။ “အရာမထင်တဲ့ ဒီပြက္ခဒိန်များစွာ… ဒိတ်တွေကုန်သွားတယ်… မလာချင်တဲ့သူ အ နားမှာ မရှိတာ နှစ်တွေကြာသွားတယ်… မျှော်နေတယ် ဒီစာရွက်ကလေးရယ်… ထင် ထားခဲ့တာတွေ တခုမှဖြစ်မလာဘူး… ဟူး… ငါ့ကိုမချစ်ဘူး… မင်းအသစ်တွေ့တဲ့အခါ… မေ့ပစ်လိုက်စမ်းပါ… ဟူး… လှည့်တောင်မကြည့်ဘူး… စွန့်ပစ်လိုက်စမ်းပါ… ဟိုး အ တိတ်က မင်းရဲ့ အနားမှာ ရှိနေခဲ့သော ငါ” လတ်တလောမှာတော့ ဒီသီချင်းရုပ်သံဗွီဒီယိုဖိုင်ဟာ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှု ကွန်ရက်စာမျက်နှာပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၂ သန်းနီးပါး ရှိနေခဲ့ပြီ ဖြစ်ပါတယ်။
1 year Ago
Up