Apple ကုမ္ပဏီ

A d v e r t i s e m e n t With Us

March 26, 2020

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရန် မျက်နှာဖုံး ၁၀ သန်း အမေရိကန်ကို Apple ကုမ္ပဏီ လှူဒါန်း

Apple ကုမ္ပဏီဟာ အမေရိကန် ကျန်းမာရေးဝန်ထမ်းတွေအတွက် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဖို့ မျက်နှာဖုံး ၁၀ သန်း ဝယ်ယူလှူဒါန်းထားတယ်လို့ ကုမ္ပဏီရဲ့ စီအီးအို တင်မ်ကွတ်ခ်က မတ်လ ၂၅ ရက်မှာ ထုတ်ပြောလိုက်ပါတယ်။  ဒီသတင်းကို စီအီးအိုတင်မ်ကွတ်က သူ့ရဲ့ တွစ်တာစာမျက်နှာကနေ တိုက်ရိုက်ဗွီဒီယို ထုတ်လွှင့်ကြေညာခဲ့တာပါ။  အမေရိကန်ပြည်ထောင်စုမှာ အခုအခါ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုနှုန်း များလာတာမို့ ဆေးရုံလုပ်သားတွေနဲ့ အခြားကျန်းမာရေးစောင့်ရှောက်မှု ဝန်ထမ်းတွေကြား မျက်နှာဖုံးတွေ မလုံလောက်ဘဲ ပြတ်လပ်နေပါတယ်။  ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေးနဲ့ ကုသရေးမှာ ပါဝင်တဲ့ လုပ်သားတွေဟာ မျက်နှာဖုံးတွေ၊ လက်အိတ်တွေ၊ ဝတ်ရုံ၊ မျက်နှာကာတွေနဲ့ အခြား အသုံးအဆောင်တွေ လိုအပ်နေပါတယ်။  အမေရိကန် ပြည်ထောင်စုမှာ မတ် ၂၆ မွန်းလွဲပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း အနည်းဆုံး ၆၈၄၈၉ ရှိ၊ သေဆုံးသူ ၁၀၃၂ ဦး ရှိသွားပြီလို့ သိရပါတယ်။
11 months Ago
Up