AngryBird

August 9, 2019

အန်နီမေးရှင်း အထူးပြုလုပ်ချက်တွေနဲ့ ရှုစားကြရမည့် The Angry Birds Movie 2 ရုပ်ရှင် (နမူနာ)

ဂိမ်းထဲက ဇာတ်ကောင်တွေကို အခြေခံ ရိုက်ကူးထားတဲ့ The Angry Birds ရုပ်ရှင်ရဲ့ နောက်ဆက်တွဲ ရုပ်ရှင်ကားတကားဖြစ်တဲ့ The Angry Birds Movie 2 ရုပ်ရှင်ကားကို လာမယ့် သြဂုတ်လလယ်မှာ ရုံတင်ပြသသွားဖို့ ရှိနေပါတယ်။ ဒီရုပ်ရှင်ကားကိုတော့ နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီတွေဖြစ်ကြတဲ့ Columbia Pictures၊ Rovio Animation နဲ့ Sony Pictures တို့က ပူးပေါင်းတင်ဆက်ပြီး အရင်ရုပ်ရှင်ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Thurop Van Orman က ရိုက်ကူး ပုံဖော်ပေးထားတာပါ။ ပထမရုပ်ရှင်ကားထဲမှာတော့ ဂိမ်းထဲမှာ ရင်းနှီးခဲ့ဖူးကြတဲ့အတိုင်း ငှက်ဥတွေကို ခိုးယူသွားခဲ့တဲ့ ဝက်တွေနဲ့ ငှက်တွေ တိုက်ပွဲရင်ဆိုင်ခဲ့ကြရတာပဲဖြစ်ပြီး အဲဒီတိုက်ပွဲမှာ ငှက်တွေဘက်က အနိုင်ရရှိခဲ့တာနဲ့ အဆုံးသတ်ထားပါတယ်။ ခုအသစ်ပြသမယ့် Angry Birds Movie 2 မှာတော့ ဇာတ်ကောင်အသစ်အနေနဲ့ Zeta ဆိုတဲ့ ခရမ်းရောင်ငှက်တကောင် ပါဝင်လာခဲ့တာပါ။ တိုင်းပြည်ကို ဖျက်ဆီးခံခဲ့ရတဲ့ ဝက်တိုင်းပြည်ရဲ့ဘုရင် Mudbeard အနေနဲ့ ဒီအပိုင်းမှာ ဘယ်လိုပြန်ပြီးတော့ လက်စားချေမလဲ ဆိုတာကို ကြည့်ရှုရမှာဖြစ်တဲ့အပြင် ပိုလာကျွန်းမှာ နေထိုင်တဲ့ ခရမ်းရောင် Zeta ငှက်က ဝက်တွေနဲ့ ငှက်တွေကြားမှာ ဘယ်လို ခလောက်ဆန်၊ မွှေမလဲ ဆိုတာတွေကိုပါ ပရိသတ်တွေ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ Jason Sudeikis၊ Josh Gad၊ Leslie Jones၊ Bill Hader နဲ့ နာမည်ကြီးအဆိုတော် Nicki Minaj တို့လို နာမည်ကျော်တွေ အများကြီးက အသံနဲ့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား Dialog တွေက ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ PG အဆင့် သတ်မှတ်ထားပါတယ်။ ရုံမတင်ခင်ကတည်းက ပရိသတ်တွေ စိတ်ဝင်စားနေကြတဲ့ ဒီရုပ်ရှင်ကားဟာ IMDb မှာတော့ Rating 6.7 အထိ ရရှိထားပြီး ရုပ်ရှင်ကား နမူနာကို ယူကျုပေါ်မှာ လတ်တလောအချိန်ထိ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၁၈ သန်းနီးပါး ရှိနေပါတယ်။ ကြာမြင့်ချိန် ၉၆ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် သြဂုတ် ၁၄ ရက်နေ့ ရုံတင်ပြသတော့မှာဖြစ်ပြီး အဲဒီနေ့ဟာ မူရင်း Angry Bird ဂိမ်းကို စတင်မိတ်ဆက်ခဲ့တဲ့ ၁၀ နှစ်ပြည့် အထိမ်းအမှတ်နေ့လည်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဘတ်ဂျက် အမေရိကန်ဒေါ်လာ ၇၃ သန်း အကုန်အကျခံ ရိုက်ကူးခဲ့တဲ့ ၂၀၁၆ ခုနှစ် ရုပ်ရှင် The Angry Bird ဟာ Box Office ဝင်ငွေ ၃၅၂ ဒသမ ၃ သန်း ရရှိခဲ့ပြီး ဝင်ငွေစံချိန် ချိုးခဲ့တာမို့ ခုထွက်ရှိလာတဲ့ နောက်ဆက်တွဲ ရုပ်ရှင်ကရော ဝင်ငွေစံချိန် တင်နိုင်ပါ့မလားဆိုတာ မကြာခင် စောင့်မျှော်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။
Zawgyi Version အန္နီေမးရွင္း အထူးျပဳလုပ္ခ်က္ေတြနဲ႔ ရႈစားၾကရမည့္ The Angry Birds Movie 2 ႐ုပ္ရွင္ (နမူနာ) DVB ဂိမ္းထဲက ဇာတ္ေကာင္ေတြကို အေျခခံ ႐ိုက္ကူးထားတဲ့ The Angry Birds ႐ုပ္ရွင္ရဲ႕ ေနာက္ဆက္တြဲ ႐ုပ္ရွင္ကားတကားျဖစ္တဲ့ The Angry Birds Movie 2 ႐ုပ္ရွင္ကားကို လာမယ့္ ၾသဂုတ္လလယ္မွာ ႐ုံတင္ျပသသြားဖို႔ ရွိေနပါတယ္။ ဒီ႐ုပ္ရွင္ကားကိုေတာ့ နာမည္ႀကီး ႐ုပ္ရွင္ထုတ္လုပ္ေရး ကုမၸဏီေတြျဖစ္ၾကတဲ့ Columbia Pictures၊ Rovio Animation နဲ႔ Sony Pictures တို႔က ပူးေပါင္းတင္ဆက္ၿပီး အရင္႐ုပ္ရွင္ကားကို ႐ိုက္ကူးခဲ့တဲ့ ဒါ႐ိုက္တာ Thurop Van Orman က ႐ိုက္ကူး ပုံေဖာ္ေပးထားတာပါ။ ပထမ႐ုပ္ရွင္ကားထဲမွာေတာ့ ဂိမ္းထဲမွာ ရင္းႏွီးခဲ့ဖူးၾကတဲ့အတိုင္း ငွက္ဥေတြကို ခိုးယူသြားခဲ့တဲ့ ဝက္ေတြနဲ႔ ငွက္ေတြ တိုက္ပြဲရင္ဆိုင္ခဲ့ၾကရတာပဲျဖစ္ၿပီး အဲဒီတိုက္ပြဲမွာ ငွက္ေတြဘက္က အႏိုင္ရရွိခဲ့တာနဲ႔ အဆုံးသတ္ထားပါတယ္။ ခုအသစ္ျပသမယ့္ Angry Birds Movie 2 မွာေတာ့ ဇာတ္ေကာင္အသစ္အေနနဲ႔ Zeta ဆိုတဲ့ ခရမ္းေရာင္ငွက္တေကာင္ ပါဝင္လာခဲ့တာပါ။ တိုင္းျပည္ကို ဖ်က္ဆီးခံခဲ့ရတဲ့ ဝက္တိုင္းျပည္ရဲ႕ဘုရင္ Mudbeard အေနနဲ႔ ဒီအပိုင္းမွာ ဘယ္လိုျပန္ၿပီးေတာ့ လက္စားေခ်မလဲ ဆိုတာကို ၾကည့္ရႈရမွာျဖစ္တဲ့အျပင္ ပိုလာကြၽန္းမွာ ေနထိုင္တဲ့ ခရမ္းေရာင္ Zeta ငွက္က ဝက္ေတြနဲ႔ ငွက္ေတြၾကားမွာ ဘယ္လို ခေလာက္ဆန္၊ ေမႊမလဲ ဆိုတာေတြကိုပါ ပရိသတ္ေတြ ရႈစားၾကရမွာ ျဖစ္ပါတယ္။ ဒီကားထဲမွာေတာ့ Jason Sudeikis၊ Josh Gad၊ Leslie Jones၊ Bill Hader နဲ႔ နာမည္ႀကီးအဆိုေတာ္ Nicki Minaj တို႔လို နာမည္ေက်ာ္ေတြ အမ်ားႀကီးက အသံနဲ႔ ပါဝင္သ႐ုပ္ေဆာင္ထားၾကပါတယ္။ ဒီကားထဲမွာ ပါဝင္တဲ့ တခ်ိဳ႕ဇာတ္ဝင္ခန္းေတြ၊ ျပကြင္းျပကြက္ေတြ၊ ေျပာစကား Dialog ေတြက ကေလးငယ္ေတြ ၾကည့္ရႈဖို႔ မသင့္ေတာ္တာမို႔ ဒီကားကို ၾကည့္မယ္ဆိုရင္ေတာ့ မိဘအုပ္ထိန္းသူ ခြင့္ျပဳခ်က္ Guideline နဲ႔မွ ၾကည့္ရႈသင့္တဲ့ PG အဆင့္ သတ္မွတ္ထားပါတယ္။ ႐ုံမတင္ခင္ကတည္းက ပရိသတ္ေတြ စိတ္ဝင္စားေနၾကတဲ့ ဒီ႐ုပ္ရွင္ကားဟာ IMDb မွာေတာ့ Rating 6.7 အထိ ရရွိထားၿပီး ႐ုပ္ရွင္ကား နမူနာကို ယူက်ဳေပၚမွာ လတ္တေလာအခ်ိန္ထိ ဝင္ေရာက္ၾကည့္ရႈၾကတဲ့ အႀကိမ္ေရ ၁၈ သန္းနီးပါး ရွိေနပါတယ္။ ၾကာျမင့္ခ်ိန္ ၉၆ မိနစ္ရွိတဲ့ ဒီ႐ုပ္ရွင္ကားကိုေတာ့ လာမယ့္ ၾသဂုတ္ ၁၄ ရက္ေန႔ ႐ုံတင္ျပသေတာ့မွာျဖစ္ၿပီး အဲဒီေန႔ဟာ မူရင္း Angry Bird ဂိမ္းကို စတင္မိတ္ဆက္ခဲ့တဲ့ ၁၀ ႏွစ္ျပည့္ အထိမ္းအမွတ္ေန႔လည္း ျဖစ္တယ္လို႔ ဆိုပါတယ္။ ဘတ္ဂ်က္ အေမရိကန္ေဒၚလာ ၇၃ သန္း အကုန္အက်ခံ ႐ိုက္ကူးခဲ့တဲ့ ၂၀၁၆ ခုႏွစ္ ႐ုပ္ရွင္ The Angry Bird ဟာ Box Office ဝင္ေငြ ၃၅၂ ဒသမ ၃ သန္း ရရွိခဲ့ၿပီး ဝင္ေငြစံခ်ိန္ ခ်ိဳးခဲ့တာမို႔ ခုထြက္ရွိလာတဲ့ ေနာက္ဆက္တြဲ ႐ုပ္ရွင္ကေရာ ဝင္ေငြစံခ်ိန္ တင္ႏိုင္ပါ့မလားဆိုတာ မၾကာခင္ ေစာင့္ေမွ်ာ္ၾကည့္ရႈၾကရမွာ ျဖစ္ပါတယ္။
2 years Ago
Up