တရုတ် ဟွာဝေးနည်းပညာကုမ္ပဏီက သြဂုတ် ၂၃ ရက်နေ့မှာ AI ချစ်(ပ်)ပြားကို စတင်မိတ်ဆက်ပြီး အမေရိကန် အစိုးရကုန်သွယ်ရေး ကန့်သတ်ချက်တွေဟာ မူလကထက် စိုးရိမ်စရာ လျော့ကျသွားမယ်လို့ ပြောခဲ့ပါတယ်။
အမေရိကန် အစိုးရ ကန့်သက်ချက်တွေကြောင့် ဟွာဝေးစမတ်ဖုန်း ဒီနှစ်ဝင်ငွေဟာ အမေရိကန် ဒေါ်လာ ၁၀ ဘီလီယံခန့် လျော့နည်းခဲ့ပါတယ်။
ကန့်သတ်ချက်တွေကြောင့် ထိခိုက်နိုင်တဲ့ ပမာဏဟာ အမေရိကန် ဒေါ်လာ ဘီလီယံ ၃၀ လောက် ရှိနိုင်တယ်လို့ ဟွာဝေး တည်ထောင်သူနဲ့ စီအီးအို ရန်ကျန်းဖေးက ခန့်မှန်းထားပါတယ်။
သြဂုတ်လ ၂၃ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ ဟွာဝေးဒုဥက္ကဋ္ဌ အဲရစ်ဇူက ဟွာဝေး ဖုန်းရောင်းအား အခြေအနေဟာ စီအီးအို ခန့်မှန်းတာထက် အခြေအနေ အများကြီး ပိုကောင်းတယ်လို့ ပြောခဲ့ပါတယ်။
ဒါ့အပြင် ဟွာဝေးက ဒီဇိုင်းထုတ်တဲ့ Ascend 910 AI processor ဟာ ကမ္ဘာပေါ်က တခြား AI ချစ်(ပ်)ပြားတွေထက် တွက်ချက်မှုစွမ်းအား ပိုမိုကောင်းမွန်တယ်လို့ ဒုဥက္ကဋ္ဌ ဇူက ပြောခဲ့ပါတယ်။
ဟွာဝေးဟာ နိုင်ငံခြားနည်းပညာကုမ္ပဏီတွေအပေါ် မှီခိုမှုကို လျှော့ချတဲ့အနေနဲ့ ကိုယ်ပိုင် ချစ်(ပ်)ပြားတွေကို တီထွင်နေတာပါ။
ဟွာဝေးက ထုတ်လုပ်တဲ့ AI ချစ်(ပ်)ပြားဟာ ကိုယ်ပိုင်အသုံးပြုဖို့သာ ဖြစ်ပြီး ရောင်းချဖို့ မရည်ရွယ်ဘူးလို့ သိရပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Zawgyi_version
AI ခ်စ္(ပ္)ျပား ဟြာေဝးမိတ္ဆက္၊ အေမရိကန္ ကုန္သြယ္ေရး ကန႔္သတ္ခ်က္ ယခင္ထက္ေလ်ာ့မည္ဟုဆို
တ႐ုတ္ ဟြာေဝးနည္းပညာကုမၸဏီက ၾသဂုတ္ ၂၃ ရက္ေန႔မွာ AI ခ်စ္(ပ္)ျပားကို စတင္မိတ္ဆက္ၿပီး အေမရိကန္ အစိုးရကုန္သြယ္ေရး ကန႔္သတ္ခ်က္ေတြဟာ မူလကထက္ စိုးရိမ္စရာ ေလ်ာ့က်သြားမယ္လို႔ ေျပာခဲ့ပါတယ္။
အေမရိကန္ အစိုးရ ကန႔္သက္ခ်က္ေတြေၾကာင့္ ဟြာေဝးစမတ္ဖုန္း ဒီႏွစ္ဝင္ေငြဟာ အေမရိကန္ ေဒၚလာ ၁၀ ဘီလီယံခန႔္ ေလ်ာ့နည္းခဲ့ပါတယ္။
ကန႔္သတ္ခ်က္ေတြေၾကာင့္ ထိခိုက္ႏိုင္တဲ့ ပမာဏဟာ အေမရိကန္ ေဒၚလာ ဘီလီယံ ၃၀ ေလာက္ ရွိႏိုင္တယ္လို႔ ဟြာေဝး တည္ေထာင္သူနဲ႔ စီအီးအို ရန္က်န္းေဖးက ခန႔္မွန္းထားပါတယ္။
ၾသဂုတ္လ ၂၃ ရက္ေန႔ သတင္းစာ ရွင္းလင္းပြဲမွာေတာ့ ဟြာေဝးဒုဥကၠ႒ အဲရစ္ဇူက ဟြာေဝး ဖုန္းေရာင္းအား အေျခအေနဟာ စီအီးအို ခန႔္မွန္းတာထက္ အေျခအေန အမ်ားႀကီး ပိုေကာင္းတယ္လို႔ ေျပာခဲ့ပါတယ္။
ဒါ့အျပင္ ဟြာေဝးက ဒီဇိုင္းထုတ္တဲ့ Ascend 910 AI processor ဟာ ကမာၻေပၚက တျခား AI ခ်စ္(ပ္)ျပားေတြထက္ တြက္ခ်က္မႈစြမ္းအား ပိုမိုေကာင္းမြန္တယ္လို႔ ဒုဥကၠ႒ ဇူက ေျပာခဲ့ပါတယ္။
ဟြာေဝးဟာ ႏိုင္ငံျခားနည္းပညာကုမၸဏီေတြအေပၚ မွီခိုမႈကို ေလွ်ာ့ခ်တဲ့အေနနဲ႔ ကိုယ္ပိုင္ ခ်စ္(ပ္)ျပားေတြကို တီထြင္ေနတာပါ။
ဟြာေဝးက ထုတ္လုပ္တဲ့ AI ခ်စ္(ပ္)ျပားဟာ ကိုယ္ပိုင္အသုံးျပဳဖို႔သာ ျဖစ္ၿပီး ေရာင္းခ်ဖို႔ မရည္႐ြယ္ဘူးလို႔ သိရပါတယ္။
2 years Ago