AGU အဖွဲ့ သတိပေး

December 16, 2016

မီသိန်းဓာတ်ငွေ့ ထုတ်လွှတ်မှု များပြားလာမှုအပေါ် AGU အဖွဲ့ သတိပေး

ကာဗွန်ဒိုင်အောက်ဆိုဒ်ထက်ပိုဆိုးတဲ့ မီသိန်းဓာတ်ငွေ့ ထုတ်လွှတ်မှုပမာဏ များပြားလာတာဟာ ကမ္ဘာကြီးပူနွေးမှုထိန်းချုပ်ရေးကို ခက်ခဲစေကြောင်း ဆန်ဖရန်စစ္စကိုအခြေစိုက် American Geophysical Union (AGU) အဖွဲ့က ဒီဇင်ဘာလ ၁၃ ရက်နေ့က သတိပေးလိုက်ပါတယ်။ ပြင်သစ်အခြေစိုက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ (LSCE) မှ သုတေသနအရာရှိတွေကလည်း လေထုထဲမှာ မီသိန်းဓာတ်ငွေ့ပမာဏ တိုးလာမှုဟာ ၂၀၀၇ ခုနှစ်ကစတင်ခဲ့ပြီး ၂၀၁၄ နဲ့ ၁၅ ခုနစ်တွေမှာ အလွန်အမင်း မြင့်တက်လာကြောင်း အစီရင်ခံစာထုတ်ပြန်ခဲ့ပါတယ်။ (LSCE) မှ သုတေသနအရာရှိ PHILIPPE BOUSQUET က “ ၂၀၀၇ ခုနှစ်ကစလို့ လေထုထဲမှာ မီးသိန်းဓာတ်ငွေ့ စတိုးလားပြီး အဲဒီနောက်မှန်မှန် တိုးလာကြောင်း၊  လွန်ခဲ့တဲ့ ၂ နှစ်ကတော့ အရှိန်မြင့်တက်လာကြောင်း၊ ဘာကြောင့် အခုလို တိုးလာတယ်ဆိုတာကို နားလည်ဖို့တော့ ခက်ကြောင်း၊ မီးသိန်းဓာတ်ငွေ့တိုးလာမှုဟာ သဘာဝရင်းမြစ်တွေနဲ့ အရာဝတ္ထုတွေကြား မျှခြေအနေအထား ပျက်သုဉ်းမှုနဲ့ ချိတ်ဆက်နေကြောင်း။ ဒါကြောင့် ဒီပြဿနာရဲ့ ရင်းမြစ်ကို နားလည်အောင်  ကြိုစားနေကြောင်း ”ရှင်းပြသွားပါတယ်။ အဲဒီနောက်ဆက်ပြီး “မီသိန်းဓာတ်ငွေ့ဟာ အားပြင်းတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ဖြစ်ပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ် ၂၈ ဆလောက်ပြင်းထန်ပါတယ်။ ဒါကြောင့် လေထုထဲမှာ မီသိန်းဓာတ်ငွေတိုးလာတာကို ကျနော်တို့ ကရုစိုက်နေရတာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ CO2 ဓာတ်ငွေ့ကလည်း လွန်ခဲ့တဲ့နှစ်တွေကစပြီး မှန်မှန်ကြီးတိုးလာနေလို့ပါပဲ ”လို့ ရှင်းပြသွားပါတယ်။
5 years Ago
Up