Adria Tour တင်းနစ်ပြိုင်ပွဲ

A d v e r t i s e m e n t With Us

June 16, 2020

ဆားဘီးယားတွင် Adria Tour တင်းနစ်ပြိုင်ပွဲတွင် ဒိုမင်နစ်သိမ် အနိုင်ရဗိုလ်စွဲ

ဆားဘီးယားနိုင်ငံမှာကျင်းပခဲ့တဲ့ Adria Tour တင်းနစ်ပြိုင်ပွဲမှာ သြစတြီးယားနိုင်ငံသား ဒိုမင်နစ်သိမ်က  ချန်ပီယံဖြစ်သွားပါတယ်။  ဒီပွဲကို ကမ္ဘာ့နံပါတ်တစ် တင်းနစ်သမား ဂျိုကိုဗစ်က စီစဉ်တာဖြစ်ပြီး ဆာဘီးယား၊ ခရိုအေးရှား၊ မွန်တီနီဂရိုး အစရှိတဲ့ ဘောလ်ကန်ဒေသနိုင်ငံတွေအတွက် ကိုဗစ်-၁၉ ရန်ပုံငွေ ရှာဖွေရေးပွဲစဉ်အနေနဲ့ ကျင်းပတာပါ။  ကစားသမား ၈ ဦးကို ၄ ဦး ၂ အုပ်စုခွဲယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ဂျိုကိုဗစ်ကတော့  ၂ ပွဲနိုင် ၁ ပွဲရှုံး ရလဒ်ရခဲ့ပေမယ့် ထိပ်တိုက်တွေ့ဆုံမှုအရ ဗိုလ်လုပွဲနဲ့လွဲချော်ခဲ့တာပါ။  ဂျိုကိုဗစ် ပါဝင်တဲ့အုပ်စု A မှာ ဆားဘီးယားသား ခရာဂျီနိုဗစ်က အုပ်စုပထမရခဲ့ပြီး အုပ်စု B မှာ ပထမရခဲ့တဲ့ သြစတြီးယားသား ဒိုမင်နစ်သိမ် နဲ့ ဗိုလ်လုပွဲမှာ ဆုံခဲ့တာပါ။  ခရာဂျီနိုဗစ်ဟာ အုပ်စုပွဲစဉ်မှာ ဂျိုကိုဗစ်ကို အနိုင်ရခဲ့ပေမယ့် ဗိုလ်လုပွဲမှာတော့ ကမ္ဘာ့အဆင့်-၃ ဒိုမင်နစ်သိမ်ကို ၄-၃၊ ၂-၄ ၊ ၄-၂ နဲ့ ရှုံးနိမ့်ခဲ့တာပါ။  ဒုတိယအကျော့ပွဲစဉ်တွေကို  လာမယ့်တပတ်အတွင်း ခရိုအေးရှားမှာ ဆက်လက်ကျင်းပမှာပါ။ အဲဒီနောက် မွန်တီနီဂရိုး၊ ဘော့စနီးယားနိုင်ငံတွေမှာ ဇူလိုင် ၄ ရက်အထိ ဆက်လက် ကျင်းပသွားမှာဖြစ်ပါတယ်။
8 months Ago
Up