Adidas ဖိနပ်​စက်ရုံ

January 18, 2019

Adidas ဖိနပ်​စက်ရုံပိတ်သိမ်းမှု အလုပ်သမားများ ဆန္ဒပြ

ရန်ကုန် လှိုင်သာယာမြို့နယ် အနော်ရထာစက်မှုဇုန်ရှိ Adidas ဖိနပ်​စက်ရုံဖြစ်​တဲ့ ရှန်​​ဂျော်​ယွဲ့စက်ရုံ ပိတ်​သိမ်းလိုက်​တာ​ကြောင့် ဇန်​နဝါရီ ၁၈ ရက်​​နေ့ မနက်​ပိုင်းမှာ အလုပ်သမားအဖွဲ့အစည်း ၄၀​ ကျော်​က လုပ်​သမား ၇၀၀​ ကျော် စီတန်းလှည့်လည်​ ဆန္ဒထုတ်​​ပြပါတယ်​။ စက်ရုံပိတ်သိမ်းတာကြောင့် ထိခိုက်နစ်နာရတဲ့ အလုပ်သမားတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းကို တာဝန်ယူပေးဖို့နဲ့ ဥပဒေမဲ့ အလုပ်ပိတ်သိမ်းတာကို အရေးယူပေးဖို့ ရန်ကုန် -ညောင်တုန်းမကြီးပေါ်ကနေ စက်ရုံရှေ့အထိ အလုပ်သမားတွေက စီတန်းလှည့်လည် ဆန္ဒပြ ခဲ့ကြတာပါ။ အ​ကြောင်းပြချက်​မခိုင်​လုံဘဲ စက်ရုံပိတ်​သိမ်းတဲ့အတွက်​ အလုပ်​သမား ၁၀၀​ ကျော်​ အလုပ်​လက်​မဲ့ ဖြစ်​သွားတယ်​လို့လည်း ဆန္ဒပြအလုပ်​သမား​တွေက​ ပြောပါတယ်​။ စက်ရုံထဲမှာ အလုပ်​သမား ၇၀၀​​ ကျော်​ရှိပြီး ၆၀၀​ ကျော်​က​တော့ စက်ရုံဘက်​က​​ပေးတဲ့​ လျော်​​ကြေးရယူပြီး ဖြစ်​ပါတယ်​။ ကျန်​တဲ့အလုပ်​သမား ၁၀၀​ ကျော်​က​တော့ ​လျော်​​ကြေးမယူဘဲ လုပ်​ငန်းခွင်​ထဲ ပြန်​ဝင်​ခွင့်​ပေးဖို့​ တောင်းဆို​နေတာပါ။ စက်ရုံဘက်​က​တော့ ပြည်​ပက အပ်​ထည်​​တွေမရှိတဲ့အတွက်​ စက်ရုံကို အပြီးပိတ်​သိမ်း တယ်​လို့​ပြောမယ့် ဆန္ဒပြအလုပ်​သမား​တွေက​တော့ ကမ္ဘာ​ကျော်​ Brand စက်ရုံဖြစ်​တဲ့အတွက်​ အပ်​ထည်​မရှိတာကြောင့် ပိတ်​တာကို လက်​မခံဘူးလို့ အလုပ်​သမား​ခေါင်း​ဆောင်​ ဒေါ်တင်​စုခိုင်​က ဒီဗွီဘီကို​​ပြောပါတယ်​။ စက်ရုံဘက်​ကိုမေးမြန်းဖို့ ကြိုးစား​ပေမယ့် စက်ရုံပိတ်​ထားအတွက်​ စက်ရုံတာဝန်​ရှိ​တွေနဲ့​ တွေ့ခွင့်မရခဲ့ပါဘူး။ စက်ရုံဘက်​က​တောာ့ အလုပ်​သမား​တွေကို​ လျော်​​ကြေး​ပေးထားပါတယ်​။ အလုပ်သမား ၇၀၀​ ကျော်​ရှိတဲ့အထဲမှာ ၁၀၀ေ​ကျာ်​က​ လျော်​​ကြေးမယူဘဲ အလုပ်​ပြန်​ခန့်​ဖို့​ တောင်းဆိုဆန္ဒပြ​နေတာပါ။
2 years Ago
Up