Action Point

May 31, 2018

အမေရိကန် ဟာသဒရာမာ ရုပ်ရှင်ပရိသတ် အကြိုက်တွေ့စေမယ့် Action Point ရုပ်ရှင် (နမူနာ)

အမေရိကန် ဟာသဒရာမာ ရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့စေမယ့် Action Point ရုပ်ရှင်ကားကို မကြာခင် ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ Paramount Pictures ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်လိုက်တာဖြစ်ပြီး ဒါရိုက်တာ Tim Kirkby က ရိုက်ကူးထားတာပါ။ Action Point ဆိုတာ Amusement Park တခုရဲ့ နာမည်ဖြစ်ပြီး အဲဒီအပန်းဖြေ ကစားကွင်းဟာ ပြုပြင်ထိန်းသိမ်းထားတာမျိုး မရှိတဲ့ ကစားကွင်းတခုပါပဲ။ ကစားကွင်းထဲက ကစားနည်းတွေဟာ ဝင်ကြေးနည်းနည်းနဲ့ များများပျော်ရအောင် လုပ်ထားပေမယ့် လုံခြုံမှုမရှိတဲ့အခါ ဘာတွေဖြစ်လာမလဲ၊ ဘယ်လို ကမောက်ကမ အခြေအနေတွေနဲ့ ကြုံရမလဲဆိုတာကို ဟာသဆန်ဆန် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Action Point ရဲ့ ပိုင်ရှင် D.C လို့အမည်ရတဲ့ ပေါကြောင်ကြောင် ဇာတ်ကောင်နေရာမှာတော့ မင်းသား Johnny Knoxville က ခေါင်းဆောင်ပါဝင်ထားတာ ဖြစ်ပါတယ်။ တနေ့မှာတော့ သူနဲ့ ခပ်တန်းတန်း ခပ်စိမ်းစိမ်း ဆက်ဆံရေးရှိတဲ့ ဆယ်ကျော်သက်သမီးငယ် Boogie က ကစားကွင်းကို လာလည်တယ်။ အဲဒီအချိန်မှာ သူက သမီးဖြစ်သူနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတခု ပြန်ပြီး တည်ဆောက်ချင်တယ်။ Action Point နားမှာလည်း နောက်ထပ်ကစားကွင်းတခုက လာဆောက်တော့ သူမြတ်နိုးတဲ့ ကစားကွင်းရဲ့ အနာဂတ်ကိုလည်း ကယ်တင်နိုင်ဖို့ လိုအပ်လာချိန်မှာ အူကြောင်ကြောင် ဝန်ထမ်းတွေနဲ့အတူ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ရှုစားကြရမှာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၈၄ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် ဇွန်လ ၁ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်တယ်လို့ ကြေညာထားပါတယ်။
3 years Ago
Up